ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုမြို့တွင် စက်တင်ဘာလ ၉ ရက်၌ 
iPhone 6 မိတ်ဆက်ပွဲ ကျင်းပရန် Apple က ဖိတ်ကြားမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ကုမ္ပဏီ၏ ကြေညာချက်၌ “ကျွန်တော်တို့ ယခုထက်ပိုပြီး ပြောဖို့ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သောကြောင့် Apple အနေဖြင့် iPhone 6 နှင့် ဝတ်ဆင်နိုင်သော ထုတ်ကုန်အပြင် 
ဒီဂျစ်တယ် voice assistant ဖြစ်သော Siri နှင့် ပတ်သက်၍ မိတ်ဆက်ပေးသွားဖွယ်ရှိသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း Samsung က Galaxy Note 4 phablet (phone-tablet hybrid) ကို မိတ်ဆက်ပေးပြီး တစ်ပတ်အကြာတွင် Apple က iPhone 5S နှင့် 5C တို့ကို မိတဆက်ပေးခဲ့သည်။ 
၂၀၀၇ ခုနှစ်တွင် အမှုဆောင်အရာရှိချုပ်ဟောင်း စတိဗ်ဂျော့ဘ်က စမတ်ဖုန်းကို စတင်မိတ်ဆက်ပေးခဲ့ပြီးနောက်ပိုင်း 
Apple က iPhone အသစ်ကို နှစ်စဉ်နှစ်တိုင်း မိတ်ဆက်ပေးခဲ့သည်။

စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည့် Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲတွင် ၄.၇ လက်မနှင့် 
၅.၅ လက်မ iPhone 6 နှစ်မျိုးကို မိတ်ဆက်ပေးနိုင်ရန် ဈေးကွက်စောင့်ကြည့်သူများက မျှော်လင့်လျက်ရှိသည်။ 
သို့သော်လည်း လတ်တလော သတင်းထွက်ပေါ်မှုများတွင် ကုမ္ပဏီအနေဖြင့်
iPhone တစ်မျိုးတည်းကိုသာ မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။


Ref: CNET


0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...