Android စမတ်ဖုန်းများပေါ်မှ ညစ်ညမ်း ဗီဒီယို ကြည့်ရှုမှုနှုန်းသည် iPhone ပေါ်မှ ကြည့်ရှုမှုနှုန်းထက် ပိုမိုများကြောင်း Pornhub မှ ထုတ်ပြန်ခဲ့သည့် infographic အရ သိရသည်။

Android စမတ်ဖုန်းများပေါ်မှ ညစ်ညမ်းဗီဒီယို ကြည့်ရှုမှုနှုန်းသည် ၄၈.၃၄ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး iOS က ၄၀.၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ Windows Phone ဖြင့် ကြည့်ရှုသူမှာ ၂.၃ ရာခိုင်နှုန်းရှိပြီး 
BlackBerry ဖြင့် ကြည့်ရှုမှုနှုန်းက ၁.၈၁ ရာခိုင်နှုန်း ဖြစ်သည်။ 
ထို့အပြင် အဆိုပါ infographic တွင် Samsung စမတ်ဖုန်းဖြင့် 
ညစ်ညမ်းဗီဒီယို ကြည့်ရှုမှုနှုန်းကိုပါ ဖော်ပြသည်ကို တွေ့ရမည် ဖြစ်သည်။

Tablet ဖြင့် ညစ်ညမ်းဗီဒီယို ကြည့်ရှုမှုတွင် Apple က ၇၇.၃၈ ရာခိုင်နှုန်းဖြင့် 
အပြတ်အသတ် ဦးဆောင်ခဲ့သည်။ 
Android ထုတ်ကုန်များဖြင့် ကြည့်ရှုမှုနှုန်းမှာ ၂၁.၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး 
BlackBerry က ၀.၆ ရာခိုင်နှုန်းနှင့် Windows က ၀.၃၈ ရာခိုင်နှုန်းသာရှိခဲ့သည်။

Ref: Ubergizmo


0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...