မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း အနေဖြင့် အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး ဆက်ကြောင်း များ ဖြစ်သော ပင်လယ်ရေအောက် ဆက်ကြောင်း (SE ME WE-3) ၊ ကုန်းတွင်း နယ်စပ် ဖြတ်ကျော် ဆက်ကြောင်း များ ဖြစ်သည့် ထိုင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်း နှင့် တရုတ် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်း များ မှ တဆင့် စုစုပေါင်း International Internet Bandwidth 32.32 Gbps ရယူ ချိတ်ဆက်ပြီး အင်တာနက် ဝန်ဆောင်မှု များ ပေးလျှက်ရှိပါသည်။
(SE ME WE-3) ရေအောက် ကေဘယ် ဆက်ကြောင်း သည် မြန်မာနိုင်ငံ မှ ဝင်ရောက် ချိတ်ဆက် သော Brunching Unit မှ စင်္ကာပူ (Tuas) သို့ သွားသော ဆက်ကြောင်းပိုင်း တွင် Brunching Unit (41), Segment (4.1) ၌ ၁၃.၈.၂၀၁၄ ရက်နေ့ မြန်မာစံတော်ချိန် (ဝ၀:ဝ၈) နာရီ မှ စတင်ပြီး ရေအောက်ကေဘယ် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သောကြောင့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း များရှိ  Internet Bandwidth (25.50) Gbps  ဖြင့်  အသုံးပြုခဲ့ပါသည်။
(၂၆.၈.၂၀၁၄) ရက်နေ့ နံနက် (၉:၁၂) နာရီ အချိန်တွင် ထိုင်းနိုင်ငံအတွင်း၌ ဖိုင်ဘာကေဘယ်လ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် ထိုင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းမှ ရယူထားသော Internet Bandwidth အချို့မှာ အသုံးပြု၍ မရတော့ဘဲ အင်တာနက်အသုံးပြုမှု နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခဲ့ရာ (၂၆.၈.၂၀၁၄) ရက်နေ့ နံနက် (၁၁:၄၀) နာရီအချိန်တွင် ဆက်ကြောင်းအချို့ ပြန်လည်ကောင်းမွန်ခဲ့သော်လည်း တည်ငြိမ်မှု မရှိသေးဘဲ အင်တာနက်အသုံးပြုရာတွင် ရံဖန်ရံခါ နှေးကွေးမှုများ ဖြစ်ပေါ်နိုင်မည် ဖြစ်ပါကြောင်း အသိပေးတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ထိုင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းများအားလုံးမှာ (၂၇.၈.၂၀၁၄) ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် အားလုံးပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်ပါ ကြောင်းနှင့် လက်ရှိ စုစုပေါင်း International Internet Bandwidth (25.50) Gbps ဖြင့် အင်တာနက်အသုံးပြုမှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...