ကိုအေဒီကြီးပြောပြတဲ့ telenor အကြောင်းလေးတွေ သိထားရအောင်
 ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်ခင်ဗျား........

ရေးမယ်နဲ့ မရေးဖြစ်နေတာ .. ကျနော် သိသလောက် ရေးလိုက်ပါတယ်။
ကြိုတင် အချက်လက်တွေဖြစ်လို့ အမှန်တကယ် ထွက်ပေါ်လာသောအခါ
အနည်းငယ် ကွဲလွဲတာတွေလဲ ရှိနိုင်ပါတယ်။



Network

----------
telenor sim card များကို 2G+3G အနေဖြင့် အရင် ထုတ်ပေးမယ်လို့ဆိုပါတယ်။
မည်သည့် GSM ဟန်းဆက်နဲ့မဆို အသုံးပြုနိုင်မှာဖြစ်ပြီး 2G ဟန်းဆက်တွင် အသုံးပြုပါက 2G network ကို သုံးနိုင်မှာဖြစ်ပြီး 3G ဟန်းဆက်ဆိုလျင် 3G network ကို သုံးနိုင်မှာဖြစ်ပါတယ်။ 4G netwrok ကိုလဲ နောက်ပိုင်းတွင် အသုံးပြုနိုင်မယ်လို့
သိရပါတယ်။ ဖုန်းခေါ်ဆိုခ မှာ ဘယ် network ကိုပဲ ဆက်ဆက်
မြန်မာနိုင်ငံတွင်းဆိုလျင် on net ရော off net ပါ တစ်မိနစ်ကို (၂၅)ကျပ်နှုန်း ကျသင့်မှာဖြစ်ပါတယ်။ internet data plan များတော့ မသိရသေးပါဘူးခင်ဗျ။

My Telenor app

--------------------
telenor ရဲ့ လုပ်ဆောင်ရမယ့် function တော်တော်များများကို My Telenor ဆိုတဲ့
app နဲ့ အားလုံး လုပ်သွားရမှာဖြစ်ပါတယ်။ ထို app သည် ဆိုင်သမားများ နှင့်
ပြန်လည်ရောင်းချမယ့် ကိုယ်စလှယ်များကို ပေးသော master card ကို ..
ဖုန်းထဲ ထည့်သွင်းလိုက်တာနဲ့ တစ်ခါတည်း တန်းပေါ်လာပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ customer တွေကို ရောင်းချမယ့် regular card တွေမှာ
မပါရှိပါဘူး။ My Telenor app ကို အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးစလုံး သုံးနိုင်မှာဖြစ်ပြီး
Android , iOS , Java .. သုံးမျိုးစလုံးမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Card Registration

----------------------
telenor sim card register လုပ်ပုံက offline နဲ့ လုပ်တာပါ။ master card (သို့)
ဆိုင်သမားတွေကို ပေးမယ့် ကဒ် နဲ့ လုပ်ရပါမယ်။ master card ကို ဖုန်းထဲထည့်လိုက်တာနဲ့ My Telenor ဆိုတဲ့ app လေးတစ်ခု ပေါ်လာပါလိမ့်မယ်။
ထို app ကနေပြီး activate လုပ်လိုသော ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး register လုပ်ပေးရပါမယ်။ app နဲ့ လုပ်ပြီးပေမယ့် register လုပ်လိုက်သော ဖုန်းနဲ့ ဖုန်းတစ်ကြိမ် ခေါ်ဆိုရပါမယ်။ ဒါမှသာ activated ဖြစ်သွားမှာပါ။ register လုပ်ဖို့
Expire Date အနေဖြင့် ရက်(၁၀၀) အချိန်ပေးမယ်လို့လဲ သိရပါတယ်။
ထို့ကြောင့် ရောင်းချလိုသော ပမာဏကိုသာ မှာယူပါလို့ ပြောပါတယ်။
ဆိုင်သမားတွေအနေနဲ့ ကဒ်တွေ မရမှာစိုးပြီး အများကြီး မှာထားစရာမလိုအပ်ပါဘူး။ လိုချင်တဲ့ ကဒ်အရေတွက်ကို CSE (တရားဝင်ကိုယ်စလှယ်) တွေက အရောင်းဆိုင်များထိ မကြာခဏ လာမေးကာ အရောက်ပို့ဆောင်ပေးမည်လို့ သိရပါတယ်။

Eload ငွေဖြည့်စနစ်
---------------------
Eload ဟာ electronic top up စနစ် ဖြစ်ပါတယ်။ ဆိုင်သမားများ အနေဖြင့် ..
မိမိ Eload account တွင် ငွေပမာဏ အတိုင်းတာ တစ်ခု ၀ယ်ထားရမည်ဖြစ်ပြီး ..
ဆိုင်သို့ ငွေလာဖြည့်သူများကို ခဲခြစ်ကဒ်များဖြင့် ရောင်းခြင်း မဟုတ်ပဲ ..
master card ထည့်ထားသော ဖုန်းကနေပြီး My Telenor app ကို အသုံးပြု၍
Eload စနစ်ဖြင့် ငွေလှမ်းဖြည့်ပေးလို့ရပါတယ်။ ထိုသို့ ဖြည့်ပေးရာတွင် ..
ဆိုင်သမားတွေ ရရှိမည့် ကော်မရှင်ခများကိုလဲ telenor မှ တိကျစွာ
မှတ်သားပေးထားမည်ဟု သိရသည်။ ခဲခြစ်ကဒ်များ ရောင်းချလို့ရမယ့် ..
ကော်မရှင်ခထက်လဲ Eload စနစ်မှ ရမယ့် ကော်မရှင်ခမှာ ပိုများမည်ဟုလဲ
သိရပါတယ်။ ကော်မရှင် မည်၍ မည်မျှ ပေးမည်ကိုတော့ အတိကျ မသိရသေးပါ။
Eload ဖြင့် ငွေဖြည့်ပေးရာတွင် Bill ပမာဏကို အနည်းဆုံး ဆယ်ဂဏန်းကနေ စပြီး ထည့်သွင်းပေးနိုင်မယ်လို့ ဆိုပါတယ်။ ခဲခြစ် ငွေဖြည့်ကဒ်များလဲ တစ်ပြေးညီ
ရောင်းချပေးသွားမည်ဖြစ်သည်။ ငွေပမာဏ မည်မျှကဒ်တွေကို ရောင်းမည်ကိုတော့
တိတိကျကျ မသိရသေးပါခင်ဗျ။

telenor sim card ၀ယ်ရန် ဘာတွေလိုအပ်လဲ ?

----------------------------------------------------
telenor sim card ၀ယ်ရန် နိုင်ငံသား စီစစ်ရေး ကဒ်ပြား(မှတ်ပုံတင်) ရှေ့ နောက်
မိတ္တူတစ်ခု လိုအပ်ပါမယ်။ မှတ်ပုံတင် မရှိပါက ယာဉ်မောင်းလိုင်စင် မိတ္တူ (သို့)
ရပ်ကွက်ထောက်ခံစာ .. စသဖြင့် အဆင်ပြေရာ တစ်ခုခုနှင့် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။
နိုင်ငံခြားသားများ ၀ယ်ယူမည်ဆိုလျင် passport နှင့် ဗီဇာ များ လိုအပ်ပါမည်။
စာရွက်စာတမ်း အနေဖြင့် form တစ်ခု ဖြည့်ရပါမယ်။ မှတ်ပုံတင် တစ်ခုဖြင့် ..
ကဒ်အရေတွက် တစ်ခုထက်ပိုပြီး ၀ယ်လို့ရပါမယ်။ ၀ယ်ယူတိုင်းမှာ မှတ်ပုံတင်
မိတ္တူ နှင့်အတူ form တစ်ခုစီ ဖြည့်ပေးထားရပါမယ်။ မျက်နှာမပီပြင်သော မှတ်ပုံတင်များ၊ အချက်လက် မပြည့်စုံသော form များကို black list
သွင်းသွားပါမည်။ ထို့ကြောင့် ရောင်းချမည့်သူများအနေဖြင့် မှတ်ပုံတင် မိတ္တူနှင့်အတူ ဓါတ်ပုံ တစ်ပုံကိုပါ တောင်းခံသင့်ကြောင့် အကြံပြုလိုပါတယ်။ sim card ရောင်းချမည့် ငွေပမာဏကိုတော့ မသိရှိရသေးပါ။ မှတ်ပုံတင်တစ်ခုဖြင့် ..
ကဒ်အရေတွက် အများကြီး ၀ယ်ယူရာတွင် ထို မှတ်ပုံတင် ကိုင်ဆောင်သူသည်
ဝယ်ယူသည့် ကဒ်များကို အပြည့်ဝ တာဝန်ယူရမည်ဖြစ်သည်။ ရာဇ၀တ်မှု (သို့)
ပြဿနာ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက မူလ မှတ်ပုံတင် ကိုင်ဆောင်သူသည်သာ
တာဝန်ယူ ဖြေရှင်းပေးရမည်ဟု သိရပါတယ်။

အထူးနှုန်းဝန်ဆောင်မှု(Special Packs)

Voice Pack : Voice call minutes package
Data Pack : Internet access package
SMS Pack : Text message package
Combo Pack : Combination of multiple service package
.... စသည့် package များကိုလဲ ရောင်းချသွားမည်လို့ သိရပါတယ်။

ထပ်တိုးဝန်ဆောင်မှု(VAS) (Value-added)

Facebook Zero
My Tune
Wikipedia Zero
News/Sports Browser
Opera Mini Browser
Missed Call Alert
.......... စသည့် plan များဖြင့်လဲ ပြုလုပ်ပေးသွားဖို့ အစီစဉ် ရှိတယ်လို့ သိရပါတယ်။

ကျနော် သိသလာက် သတင်း အချက်လက်တွေ ရေးပေးလိုက်တာပါ။
ဝန်ဆောင်မှုကောင်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ကြပါစေလို့ ..
ဆုတောင်းရင်း .. telenor sim card များကို စောင့်မျှော်နေပါတယ်။






  ရေးသားသူ-Mg AD

5 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. telenor offline maessage ဘယ်လိုပိတ်ရသလဲသိချင်လို့ပါ

    ReplyDelete
  4. telenor offline maessage ဘယ်လိုပိတ်ရသလဲသိချင်လို့ပါ

    ReplyDelete
  5. i didnt use my telenor sim card for about 2 months after i bought it. how and where can i activate my ph number?

    ReplyDelete

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...