Units များကို ပြောင်းလဲပေးမယ့် S Converter
S Converter ဆိုတဲ့ Android App အသစ်က Acceleration, Currency, Area, Digital Storage, Energy, Force, Fuel Consumption နဲ့ အခြားယူနစ်များစွာကို ပြောင်းလဲပေးနိုင်ပါတယ်။ Unit Converter App များစွာ ရှိပေမယ့် S Converter ရဲ့ ထူးခြားချက်က ဒီဇိုင်း လှပမှုဖြစ်ပါတယ်။
App ကို အင်စတောလုပ်ပြီးလို့ ဖွင့်ရင် Default အားဖြင့် Acceleration ယူနစ်ကို ပြောင်းလဲပေးမယ့် စကရင်ကို ရောက်သွားပါမယ်။ ဘယ်ဘက်အပေါ်ထောင့်မှ App Icon ကိုနှိပ်ပြီး အခြား Unit Converter များကို ပြောင်းလဲသုံးနိုင်ပါတယ်။ S Converter က ယူနစ်အမျိုးအစား တစ်ခုကို ထည့်သွင်းပေးလိုက်တာနဲ့ အခြားယူနစ်အမျိုးအစားအားလုံးကို ပြောင်းလဲပေးပါတယ်။ ဥပမာ Mass မှာ Ton ကို ထည့်ပေးလိုက်တာနဲ့ Kg, Gram, Pund, Stone စတဲ့ ယူနစ်အားလုံးကို တွက်ချက်ဖော်ပြပေးပါတယ်။
အချို့ယူနစ်များကို လုံးဝ အသုံးမပြုဘူးဆိုရင် Settings ထဲမှာ ဖျောက်ထားနိုင်ပါတယ်။ ညာဘက်အပေါ်ထောင့်မှ အစက်သုံးစက်ကို နှိပ်ပြီး Settings ထဲသွားပါ။ Choose Theme မှာ Dark or Light နှစ်ခုရွေးချယ်နိုင်ပါတယ်။ Show/Hide Units မှာ ယူနစ်အားလုံးကို ပြသပေးထားပါတယ်။ အသုံးမပြုတဲ့ ယူနစ်တွေကို Disable လုပ်ထားရင် Navigation Menu မှာ အမြင်ရှင်းစေမှာပါ။
S Converter မှာ Calculator ပါရှိပြီး Floating Icon ကိုနှိပ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ Calculator ကို မသုံးချင်လို့ ဖျောက်ထားချင်ရင် Settings ထဲမှာ ပြုလုပ်နိုင်ပါတယ်။
S Converter ဟာ ဒီဇိုင်းလှပပြီး Android 4.0 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။ အခမဲ့ App ဖြစ်ပေမယ့် ကြော်ညာများ ထည့်သွင်းထားခြင်းမရှိပါဘူး။
http://goo.gl/4DGFwA
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...
Click to see the code!
To insert emoticon you must added at least one space before the code.