ASEAN အဖွဲ့အစည်းမှ နှစ်စဉ်ကျင်းပမြဲဖြစ်သော ASEAN ICT Awards 2014 ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ စိတ်ပါဝင်စားသော Software Developer များ၊ Entrepreneur များ ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ၊ Company အနေနှင့်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

(က) ပြိုင်ပွဲခေါင်းစဉ် -ASEAN ICT Award 2014
(ခ)ပြိုင်ပွဲအမျိုးအစားများ -Public Services, Private Sector, Corporate Social Responsibility ,Digital Content, Startup Company ,Research and Development
(ဂ)ပြိုင်ပွဲဝင် Project တင်သွင်းရမည့်ရက်- ၂၀၁၄ ခုနှစ်၊ မေလ ၁ ရက်မှ ဇွန်လ ၅ ရက်အထိ

ပထမအဆင့်တွင် Online စစ်ဆေးပြီး ရွေးချယ်ခံရသော ပြိုင်ပွဲဝင်များသည် နောက်ဆုံး အဆင့်ပြိုင်ပွဲ ကို Malaysia နိုင်ငံ Kuala Lumpur မြို့သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် Thai နိုင်ငံ Chiang Mai မြို့၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲ ဝင်ခွင့်ရရှိသူနှင့် ဆုရရှိသူများအား ခရီးစရိတ် ပံ့ပိုးပေးမည်ဖြစ်ပါသည်။

ပြိုင်ပွဲအမျိုးအစားတစ်ခုစီအတွက် ပထမ၊ ဒုတိယ၊တတိယ ဆု(၃) ခု ရွေးချယ်ပြီး Trophy နှင့် Certificate ချီးမြှင့်မည်ဖြစ်ပါသည်။






အသေးစိတ်အချက်အလက်များကို www.aseanictaward.com တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ရုံးခန်း၊ အဆောင် (၁) 

၊မြန်မာအင်ဖို တက်ခ်၊ ဖုန်း-၆၅၂၃၀၇၊ ၀၉-၇၃၂၅၇၃၇၇ 
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...