Android Authority ၀က်ဆိုက် က Nexus 5 ကံစမ်းမဲ ဖောက်ပေးနေပါတယ်။ 16GB Edition ဖြစ်ပြီး အနက်ရောင်ဖြစ်ပါတယ်။ Nexus 5 ရဲ့ အရွယ်အစား က 5.43 x 2.72 x 0.34 လက်မ ဖြစ်ပြီး အလေးချိန် (၁၃၀) ဂရမ်ဖြစ်ပါတယ်။ Quad-Core 2.3GHz Krait 400 Processor မောင်းနှင်လည်ပတ်မှာဖြစ်ပြီး 2GB RAM ပါရှိပါတယ်။ ၄.၉၅ လက်မ 1080x1920 Pixels Display တပ်ဆင်ထားပြီး တစ်လက်မ ကို Pixel သိပ်သည်းဆ (၄၄၅) ပါရှိပါတယ်။ ဖြုတ်တပ်လို့မရတဲ့ 2300mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.3MP Camera တပ်ဆင်ထားပါတယ်။ Android 4.4 KitKat ကို အသုံးပြုထားပါတယ်။
ပါဝင်ကံစမ်းဖို့ အောက်မှာ ပေးထားတဲ့ လင့် ကိုသွားပါ။ ဆောင်းပါးအောက်ဆုံးမှာ Widget တစ်ခု တွေ့ရပါမယ်။ Widget ကနေ Android Authority ရဲ့ Newsletter ကို Subscribe လုပ်ပေးရပါမယ်။ ဒါဆိုရင် ကံစမ်းမဲ လက်မှတ် တစ်ခုရပါမယ်။ အဲဒီ Widget မှာ ပဲ Twitter, Facebook, Email, Link တို့ကို တွေ့ရပါမယ်။ အဲဒီ ကနေ ဆောင်းပါး ကို Share လုပ်ပေးလို့ သူငယ်ချင်း တစ်ယောက်က ကံစမ်းပွဲ မှာ ပါဝင်လာရင် ကံစမ်းမဲ လက်မှတ် (၁၀) ခုရရှိမှာဖြစ်ပါတယ်။
ဒီကိုနှိပ်ပါ။ Good Luck !!!
အဆင်ပြေစေ။
ဘာမှကုန်သွားတာမှမပာုတ်တာ အချိန်နဲနဲလေးပေးလိုက်ရင်ရပါတယ်။
ကံစမ်းကြည့်ကြပါခင်ဗျ။
ကံစမ်းကြည့်ကြပါခင်ဗျ။
အောင်ခန့်ဇော်(ပုသိမ်)
Credit to Myanmar Digital Life
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...