LG က LG G Pro 2 Phablet ကို တရားဝင် ကြေညာလိုက်ပါတယ်။ G Pro ရဲ့ မျိုးဆက်ဖြစ်ပြီး G Pro 2 မှာ ၅.၉ လက်မ Full HD 1920x1080 Pixel Display တပ်ဆင်ထားပါတယ်။ 4K Video နဲ့ 120FPS Slow-Motion Video တွေ ရိုက်ကူးနိုင်တဲ့ 13MP Camera ကို အနောက်ဘက် မှာ တပ်ဆင်ထားပါတယ်။ မျက်နှာချင်းဆိုင်မှာ 2.1 MP Camera တပ်ဆင်ထားပါတယ်။ 2.26GHz Quad-Core Qualcomm Snapdragon 800 Processor , 3GB RAM, 3200mAh Battery တပ်ဆင်ထားပါတယ်။ 16 or 32 GB Internal Storage ရွေးချယ်နိုင်ပြီး Android 4.4 KitKat ကို အသုံးပြုထားပါတယ်။

LG ရဲ့ Software Suite ပါရှိမှာ ဖြစ်ပြီး Browser နှစ်ခု ကို တစ်ပြိုင်ထဲ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိပါတယ်။ ဖုန်းမျက်နှာပြင် ကို နှစ်ချက် နှိပ်တာ နဲ့ Screen ကို On လုပ်ပေးနိုင်တဲ့ KnockOn လည်းပါရှိပါတယ်။ ဖုန်းထဲက ဖိုင်တွေကို ဖွက်ထားလို့ ရတဲ့ စွမ်းဆောင်ချက်လည်းပါရှိပါတယ်။ Mini View ပါရှိပြီး ၃.၄ လက်မ ကနေ ၄.၇ လက်မ အတွင်းမှာ Screen ကို ချုံ့ကြည့်လို့ရပါတယ်။

LG G Pro 2 ဟာ Samsung Galaxy Note 3, HTC One Max , Sony Xperia Z Ultra တို့ ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘာတစ်ဝန်း မှာ Phablet အသုံးပြုသူများပြားလာပြီး IDC ရဲ့ စစ်တမ်းအရ ၂၀၁၃ ခုနှစ် Quarter 3 မှာ ထုတ်လုပ်ရောင်းချတဲ့ စမတ်ဖုန်းအားလုံး ရဲ့ ၂၁ ရာခိုင်နှုန်း ဟာ Phablet တွေ ဖြစ်ပါတယ်။

G Pro 2 ကို ရောင်းချမယ့် ရက်နဲ့ ဈေးနှုန်း ကို LG က ကြေညာခြင်း မရှိသေးပါဘူး။ အညို ၊ အဖြူ ၊ အနက် အရောင်သုံးမျိုးပြုလုပ်ပေးထားပါတယ်။ ဒီလထဲမှာ ပြုလုပ်မယ့် Mobile World Congress မှာ G Pro 2 ရဲ့ ကျန်ရှိတဲ့ သတင်းအချက်အလက်တွေကို သိရပါမယ်။



Mobile News Of The Week

အောင်ခန့်ဇော်(ပုသိမ်)

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...