Samsung Galaxy Grand 2 အကြောင်း သိကောင်းစရာ
ကြည်လင်တောက်ပ ကျယ်ပြန်တဲ့ မျက်နှာပြင် High Definition
Galaxy Grand 2 သည် ပါးပါးလျလျရှိကာ ကျယ်ကျုယ်ဝန်းဝန်း မျက်နှာပြင်နှင့်အတူ နောက်ဆုံးပေါ်
အသုံးချလုပ်ဆောင်ချက်များဖြင့် ဖွဲ့စည်းထားသော အဆင့်မြင့် စမတ်ဖုန်းဖြစ်သည်။
ဗီဒီယို၊ဂိမ်းတို့ကိုကြည်လင်တောက်ပသည့် မျက်နှာပြင်ပေါ်တွင် ခံစားနိုင်ပြီး အဆင့်မြှင့်ထားသော
Multi Window လုပ်ဆောင်ချက်ကြောင့် အလုပ်များစွာကို ပိုမိုအဆင်ပြေစွာ လုပ်ဆောင်နိုင်စေသည်။
ထို့အပြင် အဆင့်မြင့်ကင်မရာ လုပ်ဆောင်ချက်များဖြစ်သည့် အသံပါတွဲဖက် မှတ်တမ်းတင်နိုင်သော
Sound & Shot လုပ်ဆောင်ချက်များအပါအ၀င် အခြားသောအဆင့်မြင့်လုပ်ဆောင်ချက်များဖြစ်သည့်
သီချင်း၊ရုပ်ပုံစသည်တို့အား ဖုန်းများတွင် တစ်ပြိုင်နက်ဖွင့်ထားနိုင်သည့် Group Play လုပ်ဆောင်ချက်
ပါဝင်ခြင်းကြောင့် သင့်မိတ်ဆွေ၊ မိသားစုများဖြင့် ပျော်ရွှင်ချိန်များ မျှဝေခံစားနိုင်သည်။ စက်အတွင်းပိုင်း
လုပ်ဆောင်ချက်ကို ပိုမိုမြန်ဆန်စေသည့် Quad-Core ပရော်ဆက်ဆာကို အသုံးပြုထားပြီး ဘလူးတုသ်
နောက်ဆုံးဗားရှင်းကို ထည့်သွင်းပေးထား၍ ဖိုင်များပေးပို့ချိတ်ဆက်ရာတွင် ပိုမိုမြန်ဆန်စေသည်။
GSM Sim Card,WCDMA Sim Card (၂)ခု ထည့်သွင်းအသုံးပြုနိုင်သဖြင့် အလုပ်ဖုန်းနှင့် ကိုယ်ရေးကိုယ်
တာဖုန်း ခွဲခြားအသုံးပြုနိုင်သည်။Samsung ၏ နောက်ဆုံးပေါ် မိုဘိုင်းဖုန်းသည် ထူးခြားကောင်းမွန်အဆင့်
မြင့်မှုများစွာဖြင့် သင့်ထံသို့ရောက်ရှိလာပါပြီ။
အသေးစိတ် ဖော်ပြချက်
--------------------------
ဖော်ပြမျက်နှာပြင် - ၅.၂၅ လက်မအဆင့်မြင့် ၊ HD ရုပ်ထွက် (၁၂၈၀x၇၂၀) TFT
စက်လည်ပတ်မှုစနစ် - MSM8226,Quad A7 1.2GHz
ကွန်ရက်အသုံးပြုမှု - 3G Quad (HSPA 21/5.76),EDGE/GPRS Quad
သိမ်းဆည်းနိုင်မှုပမာဏ - 1.5GB (RAM) + 8GB ( eMMC)
microSD -62GB အထိ ထည့်သွင်းသုံးစွဲနိုင် )
ကင်မရာ၊ဖလက်ခ်ျ - 8MP AF + LED Flash/1.5MP (HD)
ချိတ်ဆက်နိုင်မှု - Micro USB,USB2.0,
ကြိုးမဲ့ချိတ်ဆက်မှု - ဘလူးတုသ် ၄.၀ ဗားရှင်း၊ ၀ိုင်ဖိုင် a/b/g/n၊ FM
GPS အထောက်အပံ့ - AGPS + GLONASS
အတိုင်းအတာ - ပါးလွှာပေါ့ပါးသော ၁၄၆.၈ x ၇၅.၃ x ၈.၉ မီလီ
ဘက်ထရီ - ကြာရှည်အသုံးခံ ၂.၆၀၀ mAh
စက်အတွင်း လုပ်ဆောင်မှု စနစ် - Android Version 4.3
အခြားဝန်ဆောင်မှုနှင့် အသုံးချလုပ်ဆောင်နိုင်မှု - Chan On,Google + ,
Gtalk(Hangouts),Google Maps(Turn-by-turn Navi),Google Mobile Services,
Samsung Hub,Kies,TouchWiz UX/Android Browser
ရေဒီယို - FM ရေဒီယို အထောက်အပံ့ပါဝင်
အသံအထောက်အပံ့ - MP3,AAC,WMA,FLAC,Vorbis,AMR
ဗီဒီယိုအထောက်အပံ့ - H.263,H.264,VC-1,MPEG4,VP8,WMV7/8,MP43,Sorenson Spark
* သုံးစွဲသူသိမ်းဆည်းနိုင်မှုပမာဏသည် စုစုပေါင်းသိမ်းဆည်းနိုင်မှုပမာဏထက်နည်းပါးသည်။
အကြောင်းမှာစက်လည်ပတ်မှုစနစ်နှင့် ဖုန်းအတွင်းရှိလုပ်ဆောင်ချက်များကို ထောက်ပံ့နေသော
အသုံးချဆော့ဝဲလ်များအတွက် နေရာပေးရခြင်းကြောင့်ဖြစ်ပြီး အခါအားလျော်စွာ အဆင့်မြှုင့်တင်
သည့်အခါတွင် ပြောင်းလဲမှုဖြစ်နိုင်ပါသည်။
* ထပ်မံထည့်သွင်းထားသော သိမ်းဆည်းမှုပမာဏအား ဓါတ်ပုံ၊ဗီဒီယိုနှင့် သီချင်းဖိုင်များ သိမ်းဆည်း
ရန်သာ အသုံးပြုနိုင်ပြီး အက်ပလီကေးရှင်းများအား သိမ်းဆည်းနိုင်မည် မဟုတ်ပေ။
* Samsung Hub နှင့် Google ၀န်ဆောင်မှုများသည် နိုင်ငံနေရာဒေသအပေါ်မှုတည်၍ ရရှိနိုင်မှု
ကွဲပြားနိုင်ပါသည်။
* Android,Google,Android Beam,Google Search,Google Map,Gmail,Google Latitude,Google
Play,Google Plus,Youtube,Googel Talk,Google Places,Google Navigation,Google Downloads
တို့သည် Google Inc. ၏ မူပိုင် အမှတ်တံဆိပ်များ ဖြစ်ကြပါသည်။
Credit to AungMinHan
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...