Huawei ဟာ ၂၀၁၃မှာ Ascend P6 ကို ထုတ်လုပ်ရောင်း ချပြီးနောက် နောက် ထပ်မော်ဒယ် တစ်ဆင့်မြင့်တဲ့ P7 ကို ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။
အရွယ်အစားအရအရော၊ အတွင်း အရည်အသွေးအရရော တိုးမြင့် ပြောင်း လဲ လာမှာ ဖြစ်ပါတယ်။ ၅
လက်မ အရွယ် Full HD TFT မျက်နှာပြင်ကို အသုံးပြု တပ်ဆင်ထားပြီး 1.6GHz
quad core HiSilicon Balong 910 processor ကို အသုံးပြုထားပါတယ်။ 4G LTE
စနစ် ထောက်ပံ့ ပါတယ်။ ကင်မရာက 13 Megapixel ရှိပြီး LED Flash
ပါဝင်ပါသးတယ်။ နောက်ထပ် ထူးခြားချက်က ရှေ့ ကင်မရာဟာ 8 Megapixel ပါဝင်ခြင်း
ဖြစ်ပါတယ်။ RAM က 2GB ပါ။ microSD ကဒ် ထည့်သွင်းပြီး Memory expand
လုပ်နိုင်ပါ အုံးမယ်။ internal storage 16GB ရှိပါတယ်။ ဘက်ထရီက 2460 mAh
ရှိပြီး Android Kit Kat ကို အသုံးပြုမှာပါ။ Emotional UI 2.0 system လည်း
ပါဝင်ပါသေးတယ်။
Ascend P7 ကို လာမယ့် ဧပြီလမှာ ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
Credit to Smart Pro Journal
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...