Sony က Xperia T2 Ultra , Xperia T2 Ultra Dual ဖုန်းနှစ်မျိုးကို ကြေညာ

 

 


ဖုန်းနှစ်မျိုးစလုံးဟာ ခြောက်လက်မ Display တပ်ဆင်ထားပြီး 720p Resolution ရှိပါတယ်။ Huawei Ascend Mate, Samsung Galaxy Mega 6.3 တို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
တရုတ် ၊ အာရှ ၊ အာဖရိက ၊ အာရှပစိဖိတ် နိုင်ငံများအတွက် ရည်ရွယ်ပြုလုပ်ထားကြောင်း Sony က ပြောပါတယ်။ ဈေးနှုန်းကိုပြောကြားခြင်းမရှိဘဲ ယူရို ၄၀၀ ၀န်းကျင်ခန့်ဖြင့် ရောင်းချနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Xperia T2 Ultra ဟာ Xperia Z အမျိုးအစားများနဲ့ ဒီဇိုင်း ဆင်တူပေမယ့် ရေစိုခံနိုင်ခြင်း မရှိပါဘူး။ အရွယ်အစားကြီးပေမယ့် အလေးချိန် ၁၇၃ ဂရမ်သာ ရှိပြီး အထူ က ၇.၆ မီလီမီတာ ပဲရှိတဲ့အတွက် ကိုင်တွယ်အသုံးပြုဖို့ အဆင်ပြေစေပါတယ်။

1.4GHz Quad-Core Snapdragon Chipset , 1GB RAM , 8GB Internal Storage တပ်ဆင်ထားပြီး MicroSD Card အသုံးပြုနိုင်ပါတယ်။ 3000mAh Battery က တစ်နေ့လုံးအသုံးခံနိုင်ပြီး Sony ရဲ့ Stamina စွမ်းရည်ပါရှိပါတယ်။ အနောက်ဘက် မှာ 13 Megapixel Camera တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင်မှာ 1.1 Megapixel Camera တပ်ဆင်ထားပါတယ်။

4G LTE , NFC ကိုအသုံးပြုနိုင်ပါတယ်။ SIM နှစ်ခု အသုံးပြုချင်ရင် Xperia T2 Ultra Dual ကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်း နဲ့ ရောင်းချမယ့် ရက်ကို မသိရသေးပါ။

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...