LG က G2 ကို ရွှေရောင် ထုတ်လုပ်ရောင်းချမည်
===========================
Apple နဲ့ HTC တို့က သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတွေဖြစ်တဲ့ iPhone
5S နဲ့ HTC One ကို ရွှေရောင် ထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။ LG ကလည်း သူ့ရဲ့
စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်တဲ့ G2 ကို ရွှေရောင် ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါပြီ။
ရွှေရောင် LG G2 ကို ထိုင်ဝမ် မှာ မကြာမီရောင်းချတော့မှာဖြစ်တယ်လို့ LG မှ
အတည်ပြုပြောကြားပါတယ်။ ဈေးနှုန်းကအရင် ထုတ်လုပ်ထားတဲ့ အဖြူ ၊ အနက် ရောင်
တို့နဲ့ကွာခြားမှာ မဟုတ်ဘဲ 16GB မော်ဒယ် ကို ဒေါ်လာ ၄၉၆ ၊ 32GB မော်ဒယ်ကို
ဒေါ်လာ ၅၆၂ တို့ဖြင့် ရောင်းချမှာဖြစ်ပါတယ်။ တစ်ခြားနိုင်ငံများမှာ
ရောင်းချမလားဆိုတာ ကိုတော့ မသိရသေးပါဘူး။
၂၀၁၃ ခုနှစ် ရဲ့ ဒုတိယ
နှစ်ဝက်မှာ စတင်ရောင်းချခဲ့တဲ့ LG G2 ဟာ ဒီဇင်ဘာလ အထိ အလုံးရေ သုံးသန်း
ရောင်းချခဲ့ရပါတယ်။ စတင်ရောင်းချချိန်မှာ Android 4.2 Jelly Bean ကို
ထည့်သွင်းပေးထားပြီး အခုဆိုရင် Android 4.4 KitKat ကို ရရှိနေပါပြီ။
G2 ရဲ့ Specification ကို ပြန်လည်ဖော်ပြရရင် Qualcomm Snapdragon 800
Chipset ပေါ်မှာ Quad-Core 2.26 GHz Krait 400 Processor တပ်ဆင်ထားပါတယ်။
1080x1920 Pixel Resolution Display တပ်ဆင်ထားပြီး တစ်လက်မကို 424 Pixel
ပါရှိပါတယ်။ 2GB RAM , 16 or 32 GB Storage ပါရှိပေမယ့် SD Card Slot
မပါရှိပါဘူး။ မျက်နှာချင်းဆိုင်မှာ 2.1 MP Camera တပ်ဆင်ထားပြီး အနောက်ဘက်
မှာ 13MP Camera တပ်ဆင်ထားပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...