ကိန်းဘရိတ် တက္ကသိုလ်မှာ သုတေသီများ အနေနဲ့ ကမ္ဘာတစ်ဝန်းက နည်းပညာ ဆိုင်ရာ 
လုံခြုံရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းလို့ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ရာ ယင်း စစ်တမ်းအရ Android ဖုန်း စုစုပေါင်းရဲ့ ၈၇.၇ ရာခိုင်နှုန်းဟာ ဟက်ကားများရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ 
ခံရလွယ်ကြောင်း ဆိုပါတယ်။
အဓိကကတော့ ဟက်ကာများက ပို့ပေးလိုက်တဲ့ Malware ကို မတားဆီးနိုင်ခြင်း ဖြစ်ပြီး သူလိုချင်တဲ့ အချက်အလက်များကို ယူသွားတာမျိုး၊ ဖျက်ဆီးပစ်တာမျိုးတို့ကို လွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 
အဓိက အကြောင်းအရင်း ကတော့ Software Update များ မပြုလုပ်ခြင်း ဖြစ်ပါတယ်။ 
user များ အနေနဲ့ ၎င်းတို့ စမတ်ဖုန်း ရရှိတဲ့အခါ Software များကို ပုံမှန် Update/ Upgrade လုပ်ရကောင်းမှန်း မသိတာ၊ Manufacturer များအနေနဲ့လည်း Software update များကို ပို့ပေးရန် ပျက်ကွက်တာ၊ နှောင့်နှေးတာကြောင့်လည်း ပါဝင် ပါတယ်။ 
စမတ်ဖုန်းကို ဝယ်တဲ့အခါ ဝယ်ပြီး ပြီးသွားခြင်း မဟုတ်ပဲ ထုတ်လုပ်သများ အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်းဝယ်ယူသူများထံကို After sale service အနေနဲ့ software update များ ပေးပို့ပေးခြင်း၊ software ပြဿနာများကို ဖြေရှင်းပေးခြင်းတို့ ပြုလုပ်ရပါတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၂၀ ကျော်ရှိပြီး Android ကိုသုံးတဲ့ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ဗဏီများကလည်း မြောက်များစွာ ရှိပါတယ်။ 
အဓိက major ကုမ္ဗဏီများ အနေဖြင့်ကလည်း တိုင်းပြည်မြောက်များစွာရဲ့ ဈေးကွက်များအတွက် နည်းပညာအရ အချိန်ပြည့် ထောက်ပံ့ပေးဖို့အတွက် အခက်အခဲကိုယ်စီရှိကြပြီး အငိုက်တစ်ကွက်ရှိလိုက်တာနဲ့ ယင်း အငိုက်ကို စောင့်ပြီးတော့ တိုက်ခိုက်ဖို စောင့်နေတဲ့ 
ဟက်ကာများစွာ ရှိနေ ပါတယ်။
built in software များကို manufacture များက တာဝန်ယူ update ပို့ပေးရပေမယ့် ကိုယ့်ပါကို ထည့်ရတဲ့ Third party softare များအတွက်ကတော့ third party တို့ရဲ့ ပေးပို့မှုကို စောင့်ရပါတယ်။ 
user အနေနဲ့လည်း စောင့်ကြည့်ရုံတင် မလုံလောက်ပဲ update ပြုလုပ်ပေးရအုံးမှာ ဖြစ်ပါတယ်။ အကယ်၍ အင်တာနက်လိုင်း နှေးရင် ဒါကို မလုပ်နိုင်ပါဘူး။ ယင်းဟာလည်း အားနည်းချက် တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာတစ်လွှားမှာ အတိုက်ခိုက်ခံရ အလွယ်ဆုံး စမတ်ဖုန်း OS အနေနဲ့ 
Android ကိုအမည်တွင်စေခြင်း ဖြစ်ပါတယ်။
Google အနေနဲ့ Android ကို update လုပ်တဲ့ အစီအစဉ်များ ပြုလုပ်ပေမယ့် ကြားခံ စမတ်ဖုန်း ထုတ်လုပ်သူကတစ်ဆင့် UI များပြောင်းလဲခြင်း၊ system software များထည့်သွင်းခြင်း ရှိတာကြောင့် 
Security control flow က အနည်းငယ် ရှုပ်ထွေးပါတယ်။ အကယ်၍ စမတ်ဖုန်းက တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူက accountable ဖြစ်သလဲဆိုရင် Android နဲ့ စမတ်ဖုန်းထုတ်သူများက 
agreement ထဲမှာ ထည့်ပြီးသား ဖြစ်ပါတယ်။ 
ဒီတော့ မိမိစမတ်ဖုန်း လုံခြုံရေးအတွက် မိမိကသာ အမြဲမပျက်
 စောင့်ကြည့် ဆောင်ရွက်ရန် ပိုလို့ လိုအပ် ပါတယ်။
 
 
16 Oct 2015

1 comments:

  1. Thank bro.09790188596 ကိုမက်ဆေ့လေးပို့ပေးပါလားဗျ ကျေးဇူးဆပ်ချင်လို့ပါခင်ဗျ

    ReplyDelete

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.