Apple ကုမ္ပဏီသည် screen အရွယ်အစား ကြီးမားသော iPad ကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာနမှ ဖော်ပြခဲ့သည်။

Apple ကုမ္ပဏီ၏ supplier များသည် ၁၂.၉ လက်မ iPad သစ်ကို လာမည့်နှစ် ပထမ သုံးလပတ်တွင် စတင် ထုတ်လုပ်မည် ဖြစ်ကြောင်း၊ အဆိုပါ tablet ထုတ်ကုန်သစ်သည် Apple ၏ Macintosh ကွန်ပျူတာ သုံးစွဲသူများကို ဆွဲဆောင်စေနိုင်ပြီး ထုတ်ကုန် ရောင်းအားကို မြှင့်တင်စေနိုင်မည် ဖြစ်ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။ ထို့အပြင် Apple သည် screen အရွယ်အစား ကြီးမားသည့် iPhone ကို စက်တင်ဘာလ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု မျှော်လင့်ရသည်။

Apple ၏ ဝင်ငွေ သုံးပုံနှစ်ပုံသည် iPhone နှင့် iPad ရောင်းချခြင်းမှ ရရှိခြင်း ဖြစ်သည်။ သို့သော်လည်း Apple ၏ tablet ရောင်းချမှုနှုန်းသည် ယခင် သုံးလပတ်များတွင် ကျဆင်းခဲ့ပြီး လက်ရှိ သုံးလပတ်တွင်လည်း iPad ရောင်းချမှု အရေအတွက် ၁၃.၃ သန်းသာ ရှိခဲ့သည်။ ၎င်း အရေအတွက်သည် လွန်ခဲ့သည့် တစ်နှစ်ကထက် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

Ref: CNET
 
28 Aug 2014

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.