Ooredoo ၏ မိုဘိုင်းဖုန်းလိုင်းများပေါ်၌ Data အကန့်အသတ်မရှိ အသုံးပြုနိုင်သော Unlimited Plan ကို လာမည့်နှစ်မှသာ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်
Unlimited Plan ကို လာမည့်နှစ်တွင် ဝန်ဆောင်မှု ပေးအပ်မည့် Postpaid မိုဘိုင်းဖုန်းလိုင်းများပေါ်တွင် အသုံးပြုခွင့် ပေးအပ်သွားမည်ဟု ဆင်းမ်ကတ်ဝယ်ယူသူများကို Ooredoo ၏ ဝန်ထမ်းများက ပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ Ooredoo သည် Prepaid (ကြိုတင်ငွေပေးချေ) စနစ်ဖြင့် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများကို အသုံးပြုစေခဲ့ခြင်းဖြစ်သည်။ Ooredoo သည် ၎င်းတို့ မိုဘိုင်းဖုန်းလိုင်းများအတွက် ကြိုတင်ငွေဖြည့်ကတ်များကို တစ်ထောင်ကျပ်မှစတင်၍ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ်၊ နှစ်သောင်းကျပ်ဟူ၍ အမျိုးအစား ၅ မျိုး ရောင်းချပေးခဲ့သည်ဟု သိရသည်။
“Ooredoo ရဲ့ အင်တာနက် အသုံးပြုခဈေးက MPT ထက် ပိုများနေတယ်။ အင်တာနက် သုံးတာများတဲ့အခါ 1 MB ကို ၂၅ ကျပ်ဆိုတာ သိပ်ပြီး အဆင်မပြေချင်ဘူး။ Unlimited Plan ဆိုရင်တော့ မသိသေးဘူးပေါ့ဗျာ” ဟု မိုဘိုင်းဖုန်းမှ နေ့စဉ်အင်တာနက်အသုံးပြုသူ ကိုလင်းကပြောသည်။
Ooredoo ၏ မိုဘိုင်းဖုန်းလိုင်းပေါ်၌ အင်တာနက် အသုံးပြုရသည်မှာ ဈေးနှုန်းကြီးမြင့်သည်ဟု အသုံး ပြုသူများက ဝိုင်းဝန်းဝေဖန်ကြသော်လည်း Ooredoo မှ တာဝန်ရှိသူများသည် ၎င်းတို့၏ အင်တာနက်စနစ်မှာ လျင်မြန်သည့်အတွက် စောင့်ဆိုင်းနေရသည့် မိနစ်များနှင့် ပြန်လည်တွက်ချက်ကြည့်ပါက ဈေးနှုန်း များပြားသည်ဟု မဆိုနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ရန်ကုန်မြို့တွင် Ooredoo မိုဘိုင်းဖုန်းလိုင်းပေါ်၌ အင်တာနက်အသုံးပြုသူများ၏ အဆိုအရ ၎င်းတို့၏ အင်တာနက် အမြန်နှုန်းသည် ထင်သလောက် ကောင်းမွန်ခြင်းမရှိသည့်အပြင် အချို့သောနေရာများတွင် မို ဘိုင်းဖုန်းလိုင်း ခေါ်ဆိုမှုကိုပင် ပြုလုပ်ဆောင်ရွက်နိုင်ခြင်းမရှိ
Ooredoo ၏ Unlimited Plan နှင့်ပတ်သက်၍ တရားဝင် အရောင်းဆိုင်များမှ လာမည့်နှစ်တွင် ထွက်ရှိလာမည်ဟု ပြောဆိုခဲ့သော်လည်း Ooredoo ရုံးချုပ်မှ တာဝန်ရှိသူများသည် အဆိုပါသတင်းနှင့် ပတ်သက်၍ ပြန်လည်အတည်ပြု ပြောဆိုခဲ့ခြင်းမရှိပေ။ လက်ရှိအချိန်၌ Ooredoo ၏ တရားဝင် အင်တာနက် အသုံးပြုခမှာ 1 MB လျှင် ၂၅ ကျပ်ဖြစ်သည်။
ref-InternetJournal
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...
Click to see the code!
To insert emoticon you must added at least one space before the code.