အင်တာနက်အသုံးပြုရာတွင် ရံဖန်ရံခါနှေးကွေးနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ကြေညာ လိုက်သည်။

(၂၆.၈.၂၀၁၄) ရက်နေ့ နံနက် ၉:၁၂ နာရီအချိန်တွင် ထိုင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းသည် ထိုင်းနိုင်ငံအတွင်း၌ ဖိုင်ဘာကေဘယ်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ထိုင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းမှ ရယူထားသော Internet Bandwidth အချို့မှာ အသုံးပြု၍ မရတော့ဘဲ စုစုပေါင်း International Internet Bandwidth (7.44) Gbps ဖြင့်သာ ဝန်ဆောင်မှု ပေးခဲ့ရသောကြောင့် အင်တာနက် အသုံးပြုမှု နှေးကွေးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကြေညာသည်။

အဆိုပါ ဆက်ကြောင်းများ ပြန်လည်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခဲ့ရာ ၁၁:၄၀ နာရီတွင် ဆက်ကြောင်းအချို့ ပြန်လည် ကောင်းမွန်ခဲ့သော်လည်း တည်ငြိမ်မှု မရှိသေးကြောင်း၊ အင်တာနက် အသုံးပြုသူများ အနေဖြင့် ချိတ်ဆက်အသုံးပြုရာတွင် ရံဖန်ရံခါ နှေးကွေးမှုများ ဖြစ်ပေါ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဆက်ကြောင်းများဖြစ်သော ပင်လယ်ရေအောက် ဆက်ကြောင်း (SE ME WE-3) ၊ ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများ ဖြစ်သည့် ထိုင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်း နှင့် တရုတ် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှတစ်ဆင့် စုစုပေါင်း International Internet Bandwidth 32.32 Gbps ရယူ ချိတ်ဆက်ပြီး အင်တာနက် ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း၊(SE ME WE-3) ရေအောက် ကေဘယ်ဆက်ကြောင်းသည် မြန်မာနိုင်ငံမှ ဝင်ရောက်ချိတ်ဆက်သော Brunching Unit မှ စင်ကာပူ (Tuas) သို့သွားသော ဆက်ကြောင်းပိုင်းတွင် Brunching Unit (41), Segment (4.1) ၌ ၁၃.၈.၂၀၁၄ ရက်နေ့ မြန်မာစံတော်ချိန် ဝ၀:ဝ၈ နာရီမှ စတင်ပြီး ရေအောက်ကေဘယ် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သောကြောင့် ကုန်းတွင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းမျာ ရှိ Internet Bandwidth (25.50) Gbps ဖြင့် အသုံးပြုခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။




ref  - InternetJournal
28 Aug 2014

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.