တောင်ကိုရီးယားနိုင်ငံ ၏ ထုတ်ကုန်တစ်ခုဖြစ်သော ဆမ် ဆောင်းက ၎င်းတို့၏ ကုန်ပစ္စည်း များကို အရောင်းမြှင့်တင်ရန် နာ မည်ကျော်ကေပေါ့ပ်အဖွဲ့
2NE1 ဖျော်ဖြေပွဲကို ရန်ကုန်တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။
‘‘ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ ကို ဇူလိုင်လဆန်းမှာ ထုတ်ပြန် ပေးမှာပါ။
 သေချာတာကတော့ သြဂုတ် ၂ ရက်မှာ 2NE1 က မြန် မာနိုင်ငံမှာလာပြီး ဖျော်ဖြေပေးမှာ ပါ’’ ဟု ဆမ်ဆောင်း (မြန်မာ) ကုမ္ပဏီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
2NE1 အဖွဲ့၏ ဖျော်ဖြေပွဲ ကို သြဂုတ် ၂ ရက်တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဆမ်ဆောင်းကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲကို မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ  လာရောက်ကြည့်ရှုနိုင်ရန် ဆမ်ဆောင်း မြန်မာက အရောင်းမြှင့်တင်မှု အစီအစဉ်များကို နေရာအနှံ့ ပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု ဇွန်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလက ကမ္ဘာ ကျော်အဖွဲ့များ မပါဝင်သော် လည်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်ပြုလုပ်ခဲ့သည့် ကေပေါ့ပ် ဖျော်ဖြေပွဲမှာ အောင်မြင်မှုရရှိခဲ့သည်။

Ref:http://www.7daydaily.com/story/14327#.U67jDHbdqPM
28 Jun 2014

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.