Samsung Galaxy Note 3 Neo
၄၈၀,၀၀၀ ကျပ်ဝန်းကျင်
Samsung Brand Shop
၀၁- ၂၄၂ ၅၄၂

Back ကာဗာ Leather ဒီဇိုင်းနဲ့ ခပ်ဟော့ဟော့ စွမ်းဆောင်ရည်တွေကြောင့် Galaxy Note 3 ဟာ အချိန်ခဏတာအတွင်းမှာ တစ်ဟုန်ထိုး အောင်မြင်မှု ရရှိခဲ့တယ်။ 3GB RAM ကိုစတင်သုံးလာတဲ့ Tablet တစ်လုံးဖြစ်နေတော့ ပိုလို့တောင် ကျော်ကြားလာခဲ့တယ်။ Galaxy Note 3 က ထူးခြားချက်တွေနဲ့ ပြည့်စုံနေပေမယ့် သူ့ရဲ့ဈေးနှုန်းက ၆ သိန်းကျော်တယ်လေ။ အတော်အတန် သုံးဖြုန်းနိုင်တဲ့သူလောက်သာ Galaxy Note 3 ကို ကိုင်နိုင်တဲ့အနေအထား ရှိနေတယ်။ ဒီတော့ ခေါင်းကုတ်ရပြီပေါ့။

Samsung ဟာ ခပ်မိုက်မိုက်ဗားရှင်းသစ် စမတ်ဖုန်းတွေ၊ Note စီးရီးတွေကို ထုတ်လုပ်ပြီးတိုင်း Mini တို့၊ Neo တို့နာမည်တပ်ပြီး သူ့ရဲ့ အသေးစားဗားရှင်းအဖြစ် ထုတ်လုပ်လေ့ရှိပါတယ်။ အဲဒီလိုထုတ်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က မူရင်းစမတ်ဖုန်းစွမ်းရည်နဲ့ တန်းတူညီတဲ့ ဖုန်းတစ်လုံးကို ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဖို့ပါ။

အခုလည်း Note 3 Neo ဆိုပြီး Note 3 ရဲ့အသေးစားဗားရှင်းကို ထုတ်လုပ်ပေးခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း ဝယ်ယူရရှိနိုင်ပါပြီ။ Neo အမျိုးအစား ဖြစ်တာမို့ Note 3 ထက် ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ အနည်းငယ် လျှော့ချအသုံးပြုထားပြီး အခြားသော လုပ်ဆောင်ချက်များ တူညီ ပါတယ်။ မြန်မာစာ လက်ကွက် အသင့်ပါဝင်ပါတယ်။ Note 3 ထက်စာရင် ဈေးနှုန်းကျပ်တစ်သိန်းခွဲနီးပါးလောက်အထိ သက်သာလာပါတယ်။ ဈေးသက်သာလာတာတော့ ဟုတ်ပါပြီ။ Note 3 နဲ့ဘာတွေကွာခြားသလဲ..... သိချင်သူတွေ များလိမ့်မယ်လို့ ထင်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ရအောင်။

Note 3 နဲ့ဘာတွေကွာခြားသလဲ

Leather ဒီဇိုင်း
Note 3 Neo ကလည်း Note 3 လို နောက်ကာဗာက Leather ဒီဇိုင်းနဲ့ပါ။ ပုံမှန်မာကျောကျော သတ္ထုသားတွေထက် Leather က ကိုင်တွယ်ရ ပိုမိုညက်ညောတဲ့အပြင် ဖုန်းရဲ့ထိခိုက်မှုဒဏ်ကနေ အတော်အတန်ကာကွယ်မှု ပေးနိုင်ပါတယ်။ Note 3 တုန်းက ၅.၇ လက်မ ရှိပေမယ့် Note 3 Neo ကတော့ ၅.၅ လက်မပဲရှိပါတော့တယ်။ ၅.၅ လက်မအရွယ်အစားနဲ့ လိုက်ဖက်တဲ့ပါးလွှာမှုရှိတာကြောင့် ကိုင်တွယ်အသုံးပြုရ အဆင်ပြေပါတယ်။ Note 3 ရဲ့အားသာချက်တွေထဲ S Pen ရဲ့စွမ်းဆောင်ချက်လည်း အပါအဝင်ပေါ့။ Note 3 ရဲ့ S Pen စွမ်းဆောင်ချက်တွေ အတိုင်း Note 3 Neo မှာ အသုံးပြုနိုင်ပါတယ်။

Hexa-Core Processor
Note 3 မှာတော့ Internal Storage ကို 16/32/64 GB အဖြစ် ရွေးချယ်စရာသုံးမျိုး ရှိပြီး 3GB RAM ကို သုံးထားပါတယ်။ Note 3 Neo မှာတော့ 2 GB RAM ကိုသာ သုံးထားပြီး Internal 16GB တစ်မျိုးတည်း ရှိပါတယ်။ Note 3 မှာတော့ Quad-core သုံးထားပေမယ့် Note 3 Neo မှာတော့ Quad-core အပြင် Dual-core ပါ ထည့်ပေါင်းထည့်ထားတယ်လို့ သိရပါတယ်။ Core (၆) လုံးစွမ်းရည်ရှိတဲ့ Hexa-Core Processor ကိုသုံးထားတယ်လို့ ဆိုနိုင်ပါတယ်။ OS ပိုင်းမှာတော့ Note 3 နဲ့တန်းတူ v4.3 (Jelly Bean) ကိုသုံးထားပါတယ်။

8MP Camera
Note 3 မှာကင်မရာကို 13MP အထိတောင် သုံးထားပေမယ့် Note 3 Neo ထဲမှာတော့ 8MP ကင်မရာကိုသာ သုံးထားပါတယ်။ Note 3 ထက် ဈေးနှုန်းသက်သာအောင် Hardware ပိုင်းတွေကိုအနည်းငယ်လျှော့ပေးထားတဲ့ပုံစံပါ။
Note 3 နဲ့ Note 3 Neo မှာကြီးကြီးမားမားကြီး ကွာခြားတာဆိုလို့ ကင်မရာပိုင်းနဲ့ RAM ပိုင်းလောက်ပဲ ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် Note 3 စီးရီးသစ်ကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူအသုံးပြုနိုင်ခြင်းက လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ကြောင်း တင်ပြလိုက်ပါရစေ။

Specifications
- 5.5” Super AMOLED Display
- 16 GB Storage, 2 GB RAM
- 8MP Main Camera, 2MP Secondary Camera
- Android OS, v4.3 (Jelly Bean)
- Exynos 5260 Chipset
- Quad-core 1.3 GHz Cortex A7 & Dual-core 1.7 GHz Cortex A15 Processor
- Li-Ion 3100 mAh Battery

-------------------------

Credit to TechSpace Journal


0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...