iPhone တစ်လုံးနဲ့တစ်လုံး Application တွေ Share လို့ရမယ့် နည်းလမ်းလေး သိချင်ပါတယ်။ Zapya နဲ့ပို့လို့ မရလို့ပါ
========================



ဒါကတော့ အဆင်ပြေမယ်လို့ မျှော်လင့်နိုင်သလို အဆင်မပြေမှုတွေလည်း ရှိနိုင်ပါသေးတယ်။ Apple Device တွေတစ်ခုနဲ့တစ်ခုကို Application တွေ Share လို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ Device က Jailbreak ဖြစ်ပြီးသားဆိုရင်တော့ Zapya Pro ဆိုတဲ့ဆော့ဖ်ဝဲနဲ့ Share လုပ်လို့ရပါတယ်။ Device ကတော့ Jailbreak ဖြစ်မှဒီဆော့ဖ်ဝဲကို အသုံးပြုလို့ ရနိုင်ပါလိမ့်မယ်။ Zapya Pro ကိုအသုံးပြုပြီး Application တွေကို Sharing ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့်ဒီနေရာမှာ တစ်ခုတော့အခက်အခဲ ရှိပါလိမ့်မယ်။ ဒါကဘာလဲဆိုရင်တော့ Apple ရဲ့ iOS App တွေဟာ Device တစ်ခု ကနေတစ်ခုကို ရွှေ့ပြောင်းလုပ်ဖို့အတွက် အားလုံးကအဆင်ပြေချင်မှ ပြေနိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ Device မှာ Jailbreak ရှိလို့ Zapya Pro ကိုအသုံးပြုပြီး Application တွေကို Share မယ်ဆိုရင်တောင် Crack ဖြစ်ပြီးသားဖိုင်တွေနဲ့ Crack ဖြစ်ပြီးသား App တွေကို Share လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ Crack မဖြစ်သေးတဲ့ Jailbreak Application မဟုတ်တဲ့ အခြား တရားဝင်အသုံးပြုထားတဲ့ Official Application တွေနဲ့ ဝယ်ယူအသုံးပြုထားတဲ့ Application တွေကိုတော့ Share မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ တရားဝင်လိုင်စင် ဆော့ဖ်ဝဲတွေဟာ အွန်လိုင်းကနေ ကိုယ့်အကောင့်နဲ့ ကိုယ်ရယူအသုံးပြု ထားတာဖြစ်တဲ့အတွက် ကိုယ်ကနေပြီး အခြားဖုန်းတစ်လုံးကို Share လုပ်လိုက်တယ်ဆိုရင်တောင် အဲဒီဆော့ဖ်ဝဲတစ်ခုကို အခြားဖုန်းထဲမှာ အသုံးပြုလို့ အဆင်ပြေမှာမဟုတ်ပါဘူး။ Official ဆော့ဖ်ဝဲတွေဟာ သူတို့ကိုစတင် ရယူအသုံးပြုခဲ့တဲ့ အကောင့်မဟုတ်တဲ့ Device ထဲမှာဆိုရင်တော့ အသုံးပြုလို့ရမှာ မဟုတ်တဲ့အတွက် Share လုပ်တယ်ဆိုရင်တောင် Official App တွေကိုအသုံးပြုလို့ရအောင် ထပ်ပြီးလုပ်ဆောင်ချက်တွေ ရှိလာနိုင်ပါတယ်။
-ကိုသက်
Internet Journal
26 Mar 2014

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.