tun-d for Android Guitar Tuner


Android ဖုန်းကနေ ဂစ်တာကြိုးညှိနိုင်တဲ့ App တွေထဲက 
အလွယ်ကူဆုံးအသုံးပြုနိုင်တဲ့ APK လေးပါ။ 

အသုံးပြုပုံလေးပြောပြပါမယ်။
အရင်ဆုံး ဖုန်းထဲက App လေးဖွင့်ထားပါ။
ဂစ်တာတစ်ကြိုးစတီးလိုက်ပါ။
တစ်ကြိုးရဲ့လွှတ်သံက E မှာပေါ့နော်။
အသံတစ်ချက်ချင်းစီတီးလိုက်တဲ့အခါ ကိုယ့်အသံဘယ်ရောက်နေလဲဆိုတာ 
App လေးက ပြသပါလိမ့်မယ်။
+ ဘက်ကိုကျော်သွားရင်တော့ လျှော့ရမှာပါ။
- ဘက်ရောက်နေတယ်ဆိုရင်တော့ တင်းရမှာပေါ့။
ကိုယ့်ရဲ့အသံက အလည်တည့်တည့် ပုံထဲကလို စိမ်းသွားပီဆိုရင်တော့ 
တစ်ကြိုးညှိလို့ပီးသွားပါပြီ။
အဲလိုပဲကျန်တဲ့ကြိုးတွေဆက်ညှိရင် လွယ်လွယ်ကူကူနဲ့ ၆ကြိုးစလုံးညီသွားပါလိမ့်မယ်။
ဒီလို ကြိုးညှိတဲ့ App တွေသုံးချင်းရဲ့ အကျိုးကျေးဇူးတစ်ခုကတော့ 
အသုံးပြုတာကြာလာတာနဲ့အမျှ လွှတ်ကြိုးသံကြားယုံနဲ့တင် 
ဒီ ကြိုးညီတယ်အညီဘူးကို သိရှိနိုင်ပါတယ်။
နောက်သူ့အသံကလဲ Master Key ဖြစ်တဲ့အတွက် ဂစ်တာနှစ်လုံးသုံးလုံးညှိဖို့
တိုင်ပတ်နေကြတဲ့ညီအစ်တော်များလဲ ဒီ App လေးနဲ့ တစ်လုံးချင်းစီညှိပါ။
ညှိပီးရင်တော့ Master Key အသံလေးနဲ့ ညှိလိုက်တဲ့ဂစ်တာတိုင်းအသံထွက်နေမှာဖြစ်ပါတယ်။

အသုံးပြုချင်ရင်တော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။

File Size - 570 KB
Current Version - 1.3
Require Android - 2.3 and up
(Android Version 4.0 above မှာပဲသုံးလို့ရတဲ့ tuner လေးလဲကောင်းပါတယ်။ အချိန်ရရင်ပြန်ရှာတင်ပေးပါ့မယ်။)




အဆင်ပြေပါစေ။
အောင်ခန့်ဇော်(ပုသိမ်)

Facebook Page လေးလဲ Like ခဲ့ပါဦးနော်။

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...