About of Author သော်တာ

Viber Animated Message သည် Android ရော IOS အတွက်ရော ရယူလို့ရပါတယ်။

Viber animated message ဘယ်လိုရယူမလဲဆိုတာမပြောခင် နဲနဲလောက်ရှင်းပြချင်ပါတယ်။

Viber ကို update လုပ်ပေမဲ့ new version မှာဘာလို့ Animated Message မပါဘာတာလဲ ?

ဆိုတာလေးကိုပြောပြချင်တာပါ။

အမှန်တစ်ကယ်တော့ Viber New Version 4.2.1 မှာ Animated Message ဆိုတဲ့ Feature မပါဝင်ပါဘူး။

Viber က သပ်သပ် Zoobe – 3D animated messages သပ်သပ်ပါ၊

Viber သွင်းထားပြီးသား ဖုန်းမှာ Zoobe – 3D Animated Message Application ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့်

Viber မှာ Plug-in တစ်ခုအနေ အသုံးပြုလို့ရသွားတာပါ။

Zoobe – 3D Animated Message Application ကို Viber မှာတင် သုံးလို့ရတာမဟုတ်ပါဘူး

တခြား Tango, Upptalk, WhatsApp, Freepp စတဲ့ Message ပို့တဲ့ Application တော်တော်များများမှာအသုံးပြုလို့ရပါတယ်။

Viber မှာတော့ သူက icon တစ်ခုအနေနဲ့ ပို့လာလို့ Viber Animated Message ဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။

Zoobe – 3D Animated Message Application ဟာ google play storeမှာ အခမဲ့ရယူနိုင်ပြီး

နိုင်ငံပေါင်း ၅၀ ကျော်မှာ လူကြိုက်အများဆုံး စာရင်းမှာ 5stars ပေးခြင်းကိုခံခဲ့ရပါတယ်။

Zoobe ဟာ Viber ရှိမှ ရပ်တည်လို့ရတာမဟုတ်ပဲ Zoobe Application

တစ်ခုတည်း အနေနဲ့လဲ Video တွေပြုလုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုအောက်မှာဖော်ပြပေးသွားမှာဖြစ်ပါတယ် …



Requirements

Viber Animated Message ဖြစ်ဖို့အတွက် Viber version 4.2.1 ရှိနေရပါမယ်။

မရှိရင် http://www.mediafire.com/download/e5h22gya6q2ga7k/Viber_[v4.2.1.1].apk ဒီမှာဒေါင်းပါ …

Zoobe – 3D Animated Message Application လဲရှိနေရပါမယ်။

မရှိရင် http://www.mediafire.com/download/fya94uee72wu9d3/com.zoobe.zoobecam.apk ဒီမှာဒေါင်းပါ …




User Guide

Viber Animated Message ရယူခြင်းတွင် မိမိဖုန်းတွင် Wifi Connection သို့မဟုတ် Mobile Data Connection ရရှိရန်လိုအပ်ပါသည်။

1 – Viber နဲ့ Zoobe ကို ဖုန်းမှာ Install လုပ်ပါ။
Viber ကတော့ users တိုးလိုလိုအကောင့်ဖွင့်ပြီးသားမို့ ထွေထွေထူးထူးမပြောတော့ပါဘူး။

2 – မိမိဖုန်းမှာ Zoobe ကို Install လုပ်ပါ။
Zoobe ကို install မလုပ်ချင်ဘူးဆိုရင်တော့ Viber က Viber Animated Message ရှိသူထံမှာ Animated Message တစ်ခုကို ပို့ခိုင်းမှရပါလိမ့်မယ်။
Install တာပဲဖြစ်ဖြစ် သူများဆီက ပို့လာတဲ့ Animated Message ပဲဖြစ်ဖြစ် အရုပ်ပုံလေးကိုတစ်ချက်နှိပ်ပြီး ဖွင့်ရမှာဖြစ်ပါတယ်။
တစ်ချက်နှိပ်လိုက်တာနဲ့ Zoobe ကို Install တန်းလုပ်ပေးသွားမျာဖြစ်ပါတယ်။ Loading ဆိုပြီး install လုပ်နေပါလိမ့်မယ် …
အဲ့မှာ No Google Play Account ဆိုတဲ့ Error box တစ်ခုကြလာတက်ပါတယ်။ Ok ပေးလိုက်ပြီး Loading ပြီးတဲ့ထိခဏစောင့်လိုက်ပါ။
မစောင့်နိုင်လျှင် ဖုန်းမှ Back key နှိပ်လျှင်လဲ ရပါသည်။

3 – Viber message ပို့တဲ့ Box နားက + လေးကိုနှိပ်ပါ။
Animated Message ကိုသွားပါ ပထမဦးစွာ အကြိုက်ဆုံး အကောင်နဲ့ကို့ရဲ့စိတ်ခံစားမှုကိုရွေးချယ်လိုက်ပါ။

4 – မိမိပေးပို့ချင်သော အကြောင်းအရာကို Voice recording ပြုလုပ်ရန် Record botton
အနီရောင်လေးကို တစ်ချက်နှိပ်ပြီး ပေးပို့လိုသော အကြာင်းအရာကို ပြောခြင်းဖြင့် record ပြုလုပ်ထားလိုက်ပါ။
Recording ကို ရပ်ရန် အနီရောင် ခလုပ်လေးကိုပဲပြန်နှိပ်ပါ။

5 – Recording ပြီးပါက Continue ကိုနှိပ်ပါ။ Creating Animation လုပ်နေပါလိမ့်မယ်။
ပြီးရင် သရုပ်ဆောင်တဲ့အကောင်လေးက မိမိအသံနှင့်တူ တခါထဲ သရုပ်ဆောင်ပေးထားပုံကို ကြည့်လို့ရပါပြီ။
စိတ်ကျေနပ်မှုရှိပါက Send ကိုနှိပ်ပြီး ပေးပို့နိုင်မှာဖြစ်ပါတယ်။



အဆင်ပြေပါစေ။
အောင်ခန့်ဇော်(ပုသိမ်)

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...