မကြာသေးမီက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များ ကိုင်ဆောင်ရန်အတွက် သီးသန့်စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်နေကြပြီဟု သိရှိခဲ့ရပါသည်။

သို့သော် ယခုအခါတွင် အမေရိကန်တပ်မတော်မှလည်း ၄င်း၏ ရှေ့တန်းနယ်မြေမှ (အထူးသဖြင့် အာဖဂန်နစ္စတန်) စစ်သည်များအတွက် အချက်အလက်သတင်းများကို

လုံခြုံစိတ်ချစွာ ပေးပို့နိုင်ပြီး ကွန်ရက်စနစ်မလိုအပ်သော စမတ်ဖုန်းတစ်မျိုးကို တီထွင်ရန်လုပ်ဆောင်နေပြီ ဖြစ်သည်။

အဆိုပါစမတ်ဖုန်းအား Vanderbilt University မှ သိပံပညာရှင်များမှ ဒီဇိုင်းပြုလုပ်လျက်ရှိပြီး

အမေရိကန်ကာကွယ်ရေးနှင့် သုတေသနအေဂျင်စီ (DARPA) နှင့်လည်း စစ်ဘက်ဆိုင်ရာတွင် အသုံးပြုနိုင်ရန်အလို့ငှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါစမတ်ဖုန်းကို လုံခြုံစိတ်ချရပြီး ကြမ်းတမ်းသော စစ်မြေပြင်အခြေအနေ များတွင်လည်း အသုံးပြုနိုင်သလို ၊

တယ်လီဖုန်းတာဝါတိုင်မရှိသော နေရာတွင်လည်း အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင် နေကြခြင်း ဖြစ်ပါသည်ဟု

ကာကွယ်ရေးသုတေသနမှ လာသောသတင်းများအရ သိရှိရပါသည်။ “သင့်အနေဖြင့် စစ်မြေပြင်များတွင် လှုပ်ရှားသွားလာနေသည့်အခါ

မည်သည့်ဖုန်းခေါ်ဆိုခြင်းဆိုင်ရာ အဆောက်အဦများကို မှယုံကြည်စိတ်ချစွာ ဆက်သွယ်ဖို့မသင့်ကြောင်း ” ကိုလည်း

Vanderbilt University မှ ကွန်ပျူတာပါမောက္ခ Douglas Schmidt မှ ပြောကြားခဲ့ပါသည်။

ယခုပြုလုပ်နေသည့် လုံခြုံစိတ်ချရသော စမတ်ဖုန်းရရှိရေး အစီအစဉ်အား Nett Warrior ဟုခေါ်ပြီး ရှေ့တန်းစစ်သည်များ

လက်ဝယ်သို့ အရောက်ပေးပို့နိုင်အောင် လုပ်ဆောင်လျက်ရှိကြပါသည်။ လက်ရှိတွင် စစ်သည်များ အနေဖြင့်

10th Mountain Division ကို အာဖဂန်နစ္စတန်တွင် အသုံးပြုလျက်ရှိပါသည်။


ပြန်ဆိုသူ-World Wide

Ref:http://i-hls.com/2014/02/new-u-s-army-secure-smartphones/


အဆင်ပြေပါစေ။
အောင်ခန့်ဇော်(ပုသိမ်)

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...