စမတ်ဖုန်းတွင် Spike ဆော့ဖ်ဝဲလ်ကိုအသုံးပြု၍ အဆောက်အဦများ၏ 3D ပုံရိပ်အားရယူနိုင်တော့မည် World Wide ပြန်ဆိုသည်၊




လှပသောအဆောက်အဦများကို ဓာတ်ပုံရိုက်ယူပြီး 3D ပုံစံအဖြစ်သို့ သင်အသွင်ပြောင်းချင်ပါသလား။ ထိုသို့ဆိုလျင် စမတ်ဖုန်းများအတွက် ထပ်မံထွက်ပေါ်လာသည့် Spike Add-On ကိုအသုံးပြု၍ သင့်အနေဖြင့် ပြုလုပ်နိုင်ပြီဖြစ်သည်။ Spike သည် အကောင်းဆုံး Add-On တစ်ခုဖြစ်လာပြီး ၄င်းအား IkeGPS မှ တီထွင်ခဲ့ ခြင်းဖြစ်ပါသည်။ အဆိုပါ Spike Add-On သည် လေဆာတိုင်းတာမှုပေါ်တွင် မူတည်၍တီထွင်ထားခြင်းဖြစ်ပြီး 3D ပုံနှင့်တိကျသော အတိုင်းအတာများကိုရရှိနိုင်မည်ဟု သိရပါသည်။

စဦးတီထွင်ခဲ့သည့် IkeGPS အနေဖြင့် စမတ်ဖုန်းတွင် Laser Range Finder (လေဆာဖြင့်အကွာအဝေး တိုင်းတာသည့်ကိရိယာ)၊ Bluetooth Chip နှင့် 3D Compass တို့အား တပ်ဆင်အသုံးပြု၍ တိုင်းတာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ Add-On အနေဖြင့် 90 x 50 x 20 mm တိုင်းတာနိုင်ပြီး ဖုန်းတွင် Li-ion ဘက်ထရီကို အသုံးပြုထားပါသည်။ ဘက်ထရီကို အားသွင်းနိုင်ရန်အတွက်လည်း Micro USB အပေါက်ပါဝင်ပါသည်။ ဗိသုကာပညာရှင်များအနေဖြင့် အဆောက်အဦးများအား တိကျစွာဒီဇိုင်းဆွဲခြင်းများနှင့် အဆောက်အဦ အတိုင်းအတာများအား ရရှိနိုင်ရန်အတွက် လေဆာနည်းပညာကို အသုံးပြုလေ့ရှိကြပါသည်။ သို့သော် ယခုအခါတွင် IkeGPS အနေဖြင့် ဗိသုကာပညာရှင်များသာမက လူတိုင်းသုံးစွဲနိုင်ရန်အလို့ငှာ လေဆာဖြင့် တိုင်းတာခြင်းအား စမတ်ဖုန်းတွင် ထည့်သွင်းအသုံးပြုရန် တီထွင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

ယခုအခါတွင် Spike Add-On အား အမေရိကန် ၅၉၉ ဒေါ်လာဖြင့် IkeGPS ၏ အင်တာနက်ဝက်ဘ်ဆိုဒ်တွင် ၀ယ်ယူရရှိနိုင်ပြီဟု သိရပါသည်။

Source:http://thetechjournal.com/electronics/mobile/spike-smartphone-laser-measurements.xhtml#ixzz2oZGOvRWs

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...