This program might not have installed correctly Error ဖြေရှည်းနည်း
မေး။ 
ကျွန်တော်ရဲ့ Laptop က software တွေကို install လုပ်လို့မရဘူးဖြစ်နေတယ်
ခင်ဗျ Software တစ်ခုခုကို install လုပ်ဖို့double click နှိပ်လိုက်ရင် အဲ့ဒီ softwareက
has stop working ဆိုတဲ့ error box လေးပဲတက်လာတယ်ခင်ဗျ 
တချို့ software တွေ ကျတော့ install လုပ်ရင်ရတယ် 
restart ချပြီးရင် ပြန်ဖွင့်ရင် ခုနကလို error box ပဲပြန်တက်လာတယ်. သုံးလို့မရဘူး အဲ့ဒါလေးကို ဖြေရှင်းပေးကြပါဦး ခင်ဗျာ။
(Phyo Htet)

ဖြေး။ 
ဒီပြဿနားလေးက တော်တော်များများ ကြုံးဖူးကြမှာပါ။
အောက်ပါအတိုင်းဖြေရှင်းကြည့်လိုက်ပါ။

This program might not have installed correctly ပြဿနာ ဖြေရှင်းနည်း

1. Window + R ကိုတွဲနှိပ်ပါ။ Run box ကျလာပါက services.msc လို့ရိုက်ထည့်ပြီး၊ ok နှိပ်ပါ။

2. Box ကျလာပါက Program compatibility assistant service ကိုလိုက်ရှာပြီး၊ 
အဲဒီပေါ်မှာ mouse နဲ့ Right Click ပေးပြီး၊ Stop ကို Click လိုက်ပါ။

3. နောက်တစ်ဆင့် ၄င်းအတိုင်း Right Click ပေးပြီး၊ Properties ကိုတစ်ချက် Click ပေးလိုက်ပါ။ 
သို့မဟုတ် Mouse နဲ့ Double Click ပေးလိုက်ပါ။

4. Box ကျလာပါက Startup Type နေရာမှာ Disable ထားပေးလိုက်ပါ။

အဆင်ပြေသွားပါလိမ့်မယ်။

Credit : အိုင်တီလမ်းညွှန်

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...