(သိသော တတ်သော ဆရာများ ကျော်ခွသွားပါ )

Samsung Phone တွေ Downgrade & Upgrade လုပ်တဲ့ အချိန်တွေမှာ IMEI တွေ ပျောက်တယ် 
Basbend version တွေမှာ Unknown တွေ ဖြစ်ကြတယ်။
အဲဒါဘာကြောင့်ဖြစ်တာလဲ ။ ပြီးတော့ Downgrade & Upgrade လုပ်တဲ့ အချိန်တွေမှာ IMEI လဲ ရှိတယ်။ Basbend version လည်း ရှိတယ်။ ဒါပေမဲ့ ဖုန်းခေါ်လိုက်ရင် no register network တွေ ဖြစ်နေကြတယ်။ အဲဒါဘာကြောင့် ဖြစ်တာလဲ။ ဖြစ်ပုံက ရှင်းပါတယ်။ 
Downgrade & Upgrade လုပ်တဲ့ အချိန်မှာ Region မတူလို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာတာ အများစုကတော့ ဗီယက်နမ် ၊ တရုတ် ၊ ထိုင်း ၊ စင်ကာပူ ဆိုပြီး အများစု လာပါတယ်။ အဲဒီ Firmware တွေနဲ့ သက်ဆိုင်တဲ့ Firmware ကိုဘဲ တင်ပေးရမှာ ဖြစ်ပါတယ်။
ဥပမာ Samsung Phone ရဲ့ Buildnumber မှာ I9100THLL5 ဆိုပါစို့။ THL ဆိုတာကတော့ ထိုင်းကထုတ်တဲ့ Firmware ကို ပြောတာ ဖြစ်ပါတယ်။ အဲဒီတော့
Downgrade ဆင်းချင်တယ် ဆိုရင် THL နဲ့စတဲ့ Firmware ကိုဘဲ ဆင်းပေးပါ။
Upgrade လုပ်ချင်တယ် ဆိုရင်လည်း THL နဲ့စတဲ့ Firmware ကိုဘဲ upgrade လုပ်ပေးပါ။ တစ်ခြား Firmware တွေကို တင်မယ်ဆိုရင်တော့ IMEI တွေ ပျောက်မယ်။ 
Basbend version တွေ Unknown ဖြစ်မယ်။ IMEI တွေ 
Basbend version တွေ ရှိပေမဲ့လည်း ဖုန်းခေါ်လို့ရမှာ မဟုတ်ပါဘူး။

အမေး အဖြေ ။ ။ You = ဟုတ်ကဲ့ အကို တစ်ခုလောက် မေးချင်ပါတယ်။
Me = ဟုတ် ပြောပါအကို ။
You = ကျွန်တော် ဖုန်းလေး note 2 n7100 ကို ယခုလက်ရှိ ဗားရှင်း 4.2.2 ကို version မြင့်ချင်လို့အကို အဲဒါ ဘယ်လိုလုပ်ရမလဲ မသိဘူး။ 
သိရင် ပြောပြပေးပါလား။
Me = ရပါတယ် အကို ။ အကို ဖုန်းရဲ့ Buildnumber လေး တစ်ချက် လောက် ပြောပြ
ပေးပါလား။
You = ဘာကို ပြောတာလဲအကို။ ကျွန်တော် မရှင်းလို့ပါ။
Me = ဟုတ်အကို ။ အကိုရဲ့ ဖုန်း Settings ထဲက About Phone ထဲက Buildnumber ကို ပြောတာပါအကို။
You = အော် သိပြီအကို။ Buildnumber ZSUENA1 ပါ အကို ။
Me = ခဏစောင့်နော်။
You = ဟုတ်ကဲ့ပါအကို။
Me = ကျွန်တော်က သူရဲ့ Buildnumber နဲ့ ရှာလိုက်တဲ့ အချိန်မှာ တူတဲ့ Firmware ၂ခု သွားတွေ့ပါတယ်။ တစ်ခုကတော့ TGY နဲ့ စပါတယ်။ နောက်တစ်ခုကတော့ BRI နဲ့ စပါတယ်။
TGY ကတော့ TGY=HONG KONG (ဟောင်ကောင်အတွက် ထုတ်ပေးတဲ့ Firmware ဖြစ်ပါတယ်။ )
BRI ကတော့ BRI=TAIWAN ( ထိုင်ဝမ်အတွက် ထုတ်ပေးထားတဲ့ Firmware ဖြစ်ပါတယ်။ )
ပြောရမယ် ဆိုရင် အဲဒီ Note 2 ဟာ ဟောင်ကောင် ဒါမှမဟုတ် ထိုင်ဝမ်ကနေ လာတာ ဖြစ်ပါတယ်။
အဲဒီတော့ အောက်က Firmware ထဲက အဆင်ပြေတာ Firmware တင်လို့ရပါတယ်။
နိုင်ငံ မတူတာ တင်ရင်တော့ IMEI တွေပျောက်မယ်။ Basben version တွေ
ပျောက်မယ်။ နောက်ဆုံး ဖုန်းခေါ်လို့မရတဲ့ အထိတောင် ဖြစ်တတ်ပါတယ်။ အဲဒီတော့ Region တွေရဲ့ သဘောတရားကို သိသွားပြီဆိုရင်တော့ Firmware ကို Upgrade လုပ်တာဘဲ ဖြစ်ဖြစ် Downgrade လုပ်ချင်တာဘဲ ဖြစ်ဖြစ် အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
You = ဟုတ်ကဲ့အကို အခုလို ပြောပြတဲ့ အကိုအောင်မင်းဟန် ကို ကျေးဇူးတင်ပါတယ်။
Me = ကျွန်တော်လည်း အခုလို ရှင်းပြရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

aung min han

http://samsung-updates.com/device/?id=GT-N7100

http://samsung-updates.com/details/29173/Galaxy_Note_2_International/GT-N7100/TGY/N7100ZSUENE1.html

http://samsung-updates.com/details/29169/Galaxy_Note_2_International/GT-N7100/BRI/N7100ZSUENE1.html

http://samsung-updates.com/

Credit to Ko Aung Min Han

1 comments:

  1. Samsung Note2 N7100 ကို buldnumber KOT49.HN7100XXUFND4 Android Version 4.4.2 တင်​တာ Autoမြန်​စာပါတာမမှန်​လို့ မြန်​မာစာမှန်​တဲ့ Firmware​လေးရှိလား​ဗျ XME-N7100XXUFND4 ဒါမှမဟုတ်​ XSE-N7100XXUFND4 ဖြစ်​ဖြစ်​တင်​လို့ရနိုင်​လား​ဗျ

    ReplyDelete

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...