iPhone 6 ကို ၂၀၁၄ စက်တင်ဘာလ ၉ ရက်နေ့တွင် မိတ်ဆက်ပြသမည်ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မတိုင်ခင်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း တရုတ်ဖိုရမ်တစ်ခုဖြစ်သည့် Weibo မှထွက်ရှိလာသော သတင်းတစ်ရပ်အရသိရသည်။ ယခင် iPhone 5S ထွက်ရှိခဲ့စဉ်ကလည်း ၂၀၁၃ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိတ်ဆက်ပြသခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်တွင် စတင်ရောင်းချခဲ့သလို ယခု iPhone 6 အတွက် မိတ်ဆက်ပြသသည့် နေ့နှင့် စတင်ရောင်းချမည့်နေ့အကြား ရက်ကွာခြားချက်မှာ တူညီမှုရှိခြင်းကြောင့် ဖြစ်နိုင်ချေများကြောင်း မိုဘိုင်းဖုန်းဆိုင်ရာလေ့လာသုံးသပ်သူများက ဆိုသည်။ သို့ရာတွင် စက်တင်ဘာလ ၂၀ ရက်နေ့တွင်စတင်ရောင်းချမည်ဆိုခြင်းမှာ Screen size 4.5 လက်မအရွယ် iPhone 6 Model အတွက်သာဖြစ်နိုင်ကြောင်း သိရသည်။ iPhone 6 အား ယခင် iPhone များကိုဖြန့်ချိစဉ်ကအတိုင်းပင် United States, Australia, Canada, China, France, Japan, Singapore, Germany နှင့် United Kingdom စသည့်နိုင်ငံများတွင် စတင်ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...