Facebook chat head ဆိုသည်မှာ official Facebook Messenger app ဖြင့် message ပေးပို့သည့်အခါ ပေါ်လာသည့် သေးငယ်သော icon များ ဖြစ်သည်။ သို့ရာတွင် ၎င်း feature ကို app တွင်သာ အသုံးပြုနိုင်သေးသည်။ သို့သော်လည်း ကွန်ပျူတာပေါ်တွင် Google Chrome browser ဖြင့် Facebook အသုံးပြုသူများ အနေနှင့် Chrome Store မှ extension တစ်ခုကို အသုံးပြုကာ Facebook chat head feature ကို အသုံးပြုနိုင်သည်။ ပြုလုပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ 

(၁) Chrome browser ကိုဖွင့်ပြီး http://goo.gl/UqZDv7 ထံသွားပါ။ 

(၂) Chrome Web Store မှ faces.im စာမျက်နှာကို ရောက်လျှင် FREE ခလုတ်ကိုနှိပ်ပါ။ Download လုပ်ငန်းစဉ် စတင်ပါလိမ့်မယ်။

(၃) Install လုပ်ရန်အတွက် အတည်ပြုချက် တောင်းခံသည့် pop-menu ပေါ်လာသည့်အခါ Add ခလုတ်ကို နှိပ်ပါ။ 

(၄) Extension ကို install လုပ်ပြီးသည့်အခါ အောက်ဖော်ပြပါပုံအတိုင်း confirmation message တစ်ခု ပေါ်လာပါလိမ့်မယ်။ ဒါဟာ extension ကို အောင်မြင်စွာ install လုပ်နိုင်ခြင်းကို ဖော်ပြခြင်း ဖြစ်ပါတယ်။ 

(၅) ပြီးလျှင် browser ရှိ extension icon ကိုနှိပ်ပါ။ ဒီခလုတ်ကို ညာဘက်ထိပ် အပေါ်ဘက်မှာ တွေ့နိုင်ပါတယ်။ အဲ့ဒီခလုတ်ကို နှိပ်လိုက်တဲ့အခါမှာ Facebook chat section ကို ရောက်သွားပြီး လတ်တလော chat လုပ်ထားတာတွေကို တွေ့မြင်ရပါမယ်။ 

အထက်ပါ အဆင့်အတိုင်း ပြုလုပ်ပြီးသွားသည့်အခါ Chrome browser က Facebook message လက်ခံရရှိချိန်တွင် စမတ်ဖုန်းပေါ်ရှိ Facebook Messenger app ကဲ့သို့ chat head ဖြင့် 
အသုံးပြုနိုင်မည် ဖြစ်သည်။ 

Credit to Ij




0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...