မက်ဆေ့ခ်ျပို့ခြင်းဝန်ဆောင်မှုကို အခမဲ့ပေးနိုင်ရန် လတ်တလောအစီအစဉ်မရှိဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဆို
မိုဘိုင်းဖုန်းများ မက်ဆေ့ခ်ျ အခမဲ့ပေးပို့နိုင်ခြင်းမှာ
ဆက်သွယ်ရေးမှလိုင်း ခေတ္တချို့ယွင်း ခြင်း (Error) ဖြစ်ခြင်းကြောင့်ဖြစ်ပြီး
မက်ဆေ့ခ်ျပေးပို့ခြင်းဝန်ဆောင်မှု အခမဲ့ပေးနိုင်ရန် လတ်တလောအစီ အစဉ်မ
ရှိသေးကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
ဇွန်၂၆ရက် နေ့လယ်မှစ၍ မို ဘိုင်းဖုန်းတချို့မှ မက်ဆေ့ခ်ျပေးပို့ခြင်း
များတွင် လက်ရှိပေးဆောင်နေရသည့် SMS တစ်စောင်လျှင် ၂၅ကျပ်ဖြတ်
တောက်ခြင်းမရှိတော့ဘဲ အခမဲ့အပြန်အလှန်ပေးပို့နိုင်ခဲ့ခြင်းမှာ ဆက်
သွယ်ရေးမှ ယာယီလိုင်းချို့ ယွင်းခြင်း ကြောင့် ခေတ္တ
ပို့နိုင်ခဲ့ခြင်းသာဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက
”မက်ဆေ့ခ်ျ အခမဲ့ဝန် ဆောင်မှုပေး ထားတာမျိုး မရှိသေးပါ ဘူး။ ၂၆ရက်နေ့ကလဲ
လိုင်းတချို့ ချို့ယွင်းသွားလို့သာ ပိုက်ဆံမဖြတ် သွားတာပါ။
အချိန်ပိုင်းပဲဖြစ်တာပါ။ လက်ရှိ မှာတော့ အားလုံးပုံမှန်အတိုင်း ပါပဲ။
မက်ဆေ့ခ်ျနဲ့ ဖုန်းဘီလ်ဖြတ်တာ တွေကိုတော့ လပိုင်းအတွင်းမှာပဲ ဈေး
ပြောင်းမှာပါ။
အခုတော့ ဘာမှပြော လို့မရသေးပါဘူး”ဟု ပြောသည်။
မက်ဆေ့ခ်ျပေး ပို့ရာ ယင်းကဲ့သို့ ဖြစ်ပေါ်ခြင်းများအပြင် မက်ဆေ့ခ်ျ
တစ်စောင်ပေးပို့ရာ၌လည်း ပေးပို့သူ ထံ နှစ်စောင်၊ သုံးစောင်ရောက် ရှိသွား ကာ
ဘီလ်ဖြတ်တောက်ရာတွင် ယင်း အစောင်အရေအတွက်အတိုင်း ဖြတ်
တောက်ခြင်းများရှိခဲ့သည်။
မက်ဆေ့ခ်ျအခမဲ့ပေးပို့နိုင်ပြီဟု ဆိုကာ မက်ဆေ့ခ်ျ ခြောက်စောင်ပေး
ပို့ခဲ့သူ မသက်နွယ်က ”ကျွန်မတို့လဲ အစပိုင်းတော့ မသိဘူး။ ဖုန်းထဲကို တော့
ဏြွှ ကလှမ်းစာပို့အကြောင်း ကြားတာမျိုး မဟုတ်ပါဘူး။ အသိ တွေကပြောတာနဲ့
မက်ဆေ့ခ်ျခြောက် စောင် ပို့ကြည့်တယ်။ ပို့ပို့ချင်းတော့ ပိုက်ဆံမဖြတ်ဘူး၊
နည်းနည်းကြာမှ ပိုက်ဆံပြန်စစ်ကြည့်တော့ ၇၀ ဖြတ် သွားတယ်”ဟု ပြောသည်။
ဆက်လက်၍ မက်ဆေ့ခ်ျစမ်း သပ်ပေးပို့ခဲ့သူ ကိုရာဇာက ”သူငယ်
ချင်းတွေကလှမ်းပြောလို့ မက်ဆေ့ခ်ျ တွေပို့ကြည့်တာ တစ်စောင်ပို့တိုင်း၂၅
ကျပ်ဖြတ်တာပါပဲ။ တချို့ဖုန်းကျတော့ ပို့လိုက်တဲ့အချိန်မှာမဖြတ်ဘူး။ နောက်
မှ စုပေါင်းပြီးဖြတ်တာ။ MPT က ခုကျတော့ ဖုန်းခကလဲဈေးများတယ်၊
မက်ဆေ့ခ်ျပို့တာကို အလကားပေးရင် တော့ကောင်းတာပေါ့”ဟုပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ဆင်းမ်ကတ်များရောင်းချရာတွင်
အကန့်အသတ်မရှိ မကြာမီလ ပိုင်း အတွင်းရောင်းချနိုင်ရန် စီစဉ်လျက် ရှိပြီး
လက်ရှိကောက်ခံနေသည့် ဖုန်း ပြောဆိုခ တစ်မိနစ်လျှင် ကျပ် ၅ဝကို လည်း
ထက်ဝက်နီးပါး ခန့် လျှော့ချ ကောက်ခံရန်စီစဉ်နေကြောင်း
မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
PPT
[--Democracy today Daily Newspaper--]
[--Democracy today Daily Newspaper--]
Ref: Yangan Media Group
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...