Torrent ဆိုတာကတော့ zip file ပုံစံမျိုး music , movie , document ,
softwares , application ... အစရှိသဖြင့် data မှန်သမျှ Torrent format အဖြစ် ပြောင်းလဲ ထားခြင်းဖြစ်ပါတယ်။ Torrent Server ကနေ Torrent file များကို download ဆွဲတဲ့အခါ Resume ရရှိမှု နှင့် တည်မြဲမှု ရှိခြင်းတို့ကြောင့် အဆင်ပြေတယ်။ နောက်ပြီး ရှာရခက်ခဲသော data များ ..
ဥပမာ Cracked data , Hacked data , Pro version , Paid version , ...
စသဖြင့် ပိုက်ဆံပေးဝယ်ရသော data များကို Torrent မှာ ရှာတွေ့နိုင်တယ်။
ဒီအချက်က Torrent ကို လူသုံးများစေတဲ့ အချက်ပါပဲ။ Android နဲ့ပက်သက်ပြီး Pro & Paid version app တွေလဲ Torrent မှာ ရှာဖွေနိုင်ပါတယ်။
ဖုန်းနဲ့ Torrent file တွေကို ရယူဖို့အတွက် ပထမဆုံး Torrent file များကို ရှာဖွေပေးနိုင်တဲ့ Pirate Bay Browser ကို သုံးနိုင်ပါတယ်။ မိမိ လိုချင်သော
data များကို နာမည်ရိုက် (သို့) extension များရိုက်ကာ ရှာဖွေနိုင်တယ်။
ရှာလို့တွေ့ပြီဆိုရင်တော့ download ဆွဲဖို့ရာ Torrent downloader တွေ
ရှိပါတယ်။ ကျနော်ကတော့ downloader အဖြစ် uTorrent Pro ကို သုံးပါတယ်။ အသုံးပြုပုံကလဲ မခက်ပါဘူး။ Pirate Bay နဲ့ uTorrent ကို install လုပ်ပါ။ Pirate Bay နဲ့ လိုချင်တဲ့ data တွေကို ရှာပါ။ ရှာတွေ့ရင် ညာဘက်အပေါ်ဒေါင့်က “ U ” ဆိုတာကို နှိပ်ပါ။ uTorrent ပွင့်လာကာ link ချိတ်ပါမယ်။ ချိတ်ပြီးသွားရင် Add ကို နှိပ်ကာ download စတင်ပြီး ဆွဲနိုင်ပါပြီ။ download ဆွဲပြီးသွားရင် uTorrent ထဲမှာပဲ Torrent file ကို ကိုယ်လိုချင်တဲ့ data အဖြစ် ပြန်ဖြည်ပြီးသား တွေ့ရပါလိမ့်မယ်။
download ဆွဲပြီးသား data များကို SD Card အောက်က
Download ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။
သုံးကြည့်ပါ။ တစ်ချို့ ရှာရခက်တဲ့ Pro version တွေ Torrent မှာရှိပါတယ်။
ပြောရရင်တော့ ဓါးမြတွေ နေတဲ့ မြို့ကြီးနဲ့တူပါတယ်
Torrent နဲ့ ပက်သက်ပြီး မသိသေးသူများအတွက် တင်ပေးလိုက်တာပါ။
သိပြီးသားသူတွေကတော့ ရှာဖွေရေးလုပ်နေတာ ကြာရောပေါ့နော့
အခုတင်ပေးလိုက်တဲ့ Pirate Bay မှာ Premium version ဖြစ်တဲ့အတွက် ..
Torrent Premium user များ တင်ထားတာတွေပါ ရှာနိုင်မှာဖြစ်ပါတယ်။
download -
Pirate Bay Browser - http://d-h.st/eO9
uTorrent - http://d-h.st/ZCs
ပျော်ရွှင်ပါစေ။
Mr.AD
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...