ကမ္ဘာကျော် Google ကုမ္ပဏီကြီးက သိပ္ပံပညာရှင်တွေဟာ ဟီလီယံဓာတ်ငွေ့တွေ ဖြည့်ထားတဲ့ ဓာတ်ငွေနဲ့ပျံတဲ့ လေပူဖေါင်း ၃၀ ကို နယူးဇီလန်နိုင်ငံက ကောင်းကင်ကို လွှတ်တင်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်တ၀ှမ်း worldwide web လို့ခေါ်တဲ့ အင်တာနက်မရရှိတဲ့ လူ ၅ ဘီလီယံကျော် အင်တာနက်ရရှိနိုင်ဖို့ စိတ်ကူးနဲ့ အဲဒီလို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ Google ကုမ္ပဏီက အဲဒီလို ပူဖေါင်းတွေကို လွှတ်တင်လိုက်တဲ့အချိန်မှာ နယူးဇီလန်နိုင်ငံ Christchurch မြို့က အိမ်ခြေ ၅၀ လောက်ဟာ အဲဒီ ပူဖေါင်းတွေကနေ အင်တာနက် ဆက်သွယ်လို့ရခဲ့ပါတယ်။ လေပေါ်မှာ ကီလိုမီတာ ၂၀ လောက် ပျံသန်းနေတဲ့ အဲဒီ ပူးဖေါင်းတွေဟာ လေထဲမှာ ၃ လလောက် တည်ရှိနိုင်ဖို့အတွက် လုပ်ထားတာဖြစ်ပါတယ်။

VOA Burmese


0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...