Androidဖုန်းတွေမှာapplication နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ application တွေ တစ်ပြိုင်ထဲသုံးလို့ရတာသိကြမှာပါ ။ Multi-task လုပ်တယ်လို့လဲ ခေါ်ကြပါတယ် ။ screen ပေါ်မှာ applicaiton တစ်ခုက run နေပြီ:တော့ background process မှာ app တစ်ခုက run နေတဲ့ ပုံစံ … ဒါမှ မဟုတ် screen တစ်ခုတဲပေါ်မှာပဲ app ၂ ခုကို တစ်ပြိုင်ထဲတွဲသုံး နေတဲ့ ပုံစံ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ multi tasking featureကိုအသုံးပြုကြပါတယ်။ Samsung phone တွေမှာပါတဲ့ multi-window feature ဟာ user တွေအတွက် သတိထားမိဆုံး multi-tasking feature ပါပဲ ။ Android ဟာ တစ်ခြား mobile OS တွေထက်ပိုပြီ:အသာရနေတဲ့ အပိုင်းကလဲ ဒီmulti-taskingကို အပြည့်အဝပြုလုပ်နိုင်တဲ့ အပိုင်းလဲဖြစ်ပါတယ် ။
Application ၂ ခုကို ဒီ screen သေးသေးလေးတွေပေါ်မှာတပြိုင်ထဲ ဖွင့်ပြီ: သုံးဖို့လိုလို့လား.. ?? user တွေက တစ်ချိန်မှာ app တစ်ခုပဲသုံးကြတာကို ဒီ multi-tasking , multi-window လိုမျိုး feature တွေကလိုလို့လား…. အပိုတွေပါ စသဖြင့် စသဖြင့် မေးစရာပါပဲ ။ Multi tasking ကိုသုံးရတာဟာ ဘယ်လိုမျိုး အသုံးကျတယ် ။ ဘယ်လောက်တောင် user တွေအတွက် အဆင်ပြေစေသလဲဆိုတာ samsung user တွေအတွက် multi-window feature ကြောင့် ကောင်းကောင်းသိနေပေမဲ့ တစ်ခြား mobile user တွေအတွက် user တိုင်း ရင်းနှီးနေတဲ့ Viber နဲ့ facebook messenger ကို ဥပမာထားပြီ: ဖြေပါရစေ ။ ကျွန်နော်တို့ ဟာ ဖုန်းနဲ့ website ကြည့်နေရင်းဖြစ်ဖြစ်.. ebook ဖတ်နေရင်းဖြစ်ဖြစ် ဒါမှမဟုတ် movie ကြည့်နေတယ်ပဲဆိုပါတော့ ။ အဲ့ဒီ့ အချိန်မှာ Viber ကနေ..ဒါမှမဟုတ် facebook ကနေ message ဝင်လာပြီ:တော့ ချက်ချင်း အဲဒီ့ message ကို reply ပြန်ဖို့လိုလာရင် ပေါ်လာတဲ့ notification pop up box ကနေပဲ reply တန်းပြန်လို့ရတာ သတိထားမိသလားဗျ ။ အဲ့ဒါ Android ရဲ့ multi-task လုပ်နိုင်တဲ့စွမ်းရည်ကို Viber developer နဲ့ facebook developers တွေက အသုံးချပြီ:တော့ user တွေကို လက်ရှိသုံးနေတဲ့ application ကနေထွက်စရာမလိုပဲနဲ့ screen တစ်ခုထဲမှာပဲ application ၂ ခုအလုပ်လုပ်စေတာပါပဲ ။ တစ်ကယ်လို့သာ Multi-task မလုပ်ရင် ဘယ်လိုဖြစ်မလဲကြည့်ရအောင် ။ Viber ဒါမှမဟုတ် Facebook စီကနေ message ဝင်လာတဲ့အခါ ကျွန်နော်တို့လက်ရှိ အသုံးပြုနေတဲ့ app ကနေထွက်… ပြီ:ရင် Viber ဒါမှမဟုတ် facebook messenger ထဲကိုဝင် အဲ့ဒီ့ကနေ ပြန် reply လုပ်… ပြီ:ရင် မူလသုံးနေတဲ့ app စီ recent list ကနေပြန်ဝင် ဒါမှမဟုတ်back button နိပ်ပြီ:ပြန်သွား.. စသဖြင့် စသဖြင့် ဟိုဝင်ဒီထွက်နဲ့ အလုပ်ရှုပ်ပါတယ်…. ။တစ်ခါတစ်လေဆိုရင် ကိစ္စသိပ်မရှိပေမဲ့ အပြန်အလှန် message ပို့နေတဲ့ အချိန်ဆိုရင် တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ် ။ ခုတော့ Android မှာပါတဲ့ Multi-task လုပ်နိုင်တဲ့ စွမ်းရည်ကိုကောင်းကောင်းအသုံးချလိုက်တော့ အဲဒီ့ လိုမျိုး ဟိုဝင်ဒီထွက်လုပ်စရာမလိုတော့ပဲ လက်ရှိ သုံးနေတဲ့ app ပေါ်ကနေပဲတန်းပြီ:တော့ reply message ပြန်လိုက်နိုင်တော့ user တွေကို ဘယ်လောက်တောင်အဆင်ပြေသွားစေတယ်ဆိုတာ လက်တွေ့ပါပဲ ။ အဲဒီလိုမျိုး Multi-tasking feature ကိုကောင်းကောင်း အသုံးချထားပြီ: အသုံးဝင်လှတဲ့ တစ်ခြား application တွေနဲ့ မိတ်ဆက်ပေးပါရစေ ။
Application ၂ ခုကို ဒီ screen သေးသေးလေးတွေပေါ်မှာတပြိုင်ထဲ ဖွင့်ပြီ: သုံးဖို့လိုလို့လား.. ?? user တွေက တစ်ချိန်မှာ app တစ်ခုပဲသုံးကြတာကို ဒီ multi-tasking , multi-window လိုမျိုး feature တွေကလိုလို့လား…. အပိုတွေပါ စသဖြင့် စသဖြင့် မေးစရာပါပဲ ။ Multi tasking ကိုသုံးရတာဟာ ဘယ်လိုမျိုး အသုံးကျတယ် ။ ဘယ်လောက်တောင် user တွေအတွက် အဆင်ပြေစေသလဲဆိုတာ samsung user တွေအတွက် multi-window feature ကြောင့် ကောင်းကောင်းသိနေပေမဲ့ တစ်ခြား mobile user တွေအတွက် user တိုင်း ရင်းနှီးနေတဲ့ Viber နဲ့ facebook messenger ကို ဥပမာထားပြီ: ဖြေပါရစေ ။ ကျွန်နော်တို့ ဟာ ဖုန်းနဲ့ website ကြည့်နေရင်းဖြစ်ဖြစ်.. ebook ဖတ်နေရင်းဖြစ်ဖြစ် ဒါမှမဟုတ် movie ကြည့်နေတယ်ပဲဆိုပါတော့ ။ အဲ့ဒီ့ အချိန်မှာ Viber ကနေ..ဒါမှမဟုတ် facebook ကနေ message ဝင်လာပြီ:တော့ ချက်ချင်း အဲဒီ့ message ကို reply ပြန်ဖို့လိုလာရင် ပေါ်လာတဲ့ notification pop up box ကနေပဲ reply တန်းပြန်လို့ရတာ သတိထားမိသလားဗျ ။ အဲ့ဒါ Android ရဲ့ multi-task လုပ်နိုင်တဲ့စွမ်းရည်ကို Viber developer နဲ့ facebook developers တွေက အသုံးချပြီ:တော့ user တွေကို လက်ရှိသုံးနေတဲ့ application ကနေထွက်စရာမလိုပဲနဲ့ screen တစ်ခုထဲမှာပဲ application ၂ ခုအလုပ်လုပ်စေတာပါပဲ ။ တစ်ကယ်လို့သာ Multi-task မလုပ်ရင် ဘယ်လိုဖြစ်မလဲကြည့်ရအောင် ။ Viber ဒါမှမဟုတ် Facebook စီကနေ message ဝင်လာတဲ့အခါ ကျွန်နော်တို့လက်ရှိ အသုံးပြုနေတဲ့ app ကနေထွက်… ပြီ:ရင် Viber ဒါမှမဟုတ် facebook messenger ထဲကိုဝင် အဲ့ဒီ့ကနေ ပြန် reply လုပ်… ပြီ:ရင် မူလသုံးနေတဲ့ app စီ recent list ကနေပြန်ဝင် ဒါမှမဟုတ်back button နိပ်ပြီ:ပြန်သွား.. စသဖြင့် စသဖြင့် ဟိုဝင်ဒီထွက်နဲ့ အလုပ်ရှုပ်ပါတယ်…. ။တစ်ခါတစ်လေဆိုရင် ကိစ္စသိပ်မရှိပေမဲ့ အပြန်အလှန် message ပို့နေတဲ့ အချိန်ဆိုရင် တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ် ။ ခုတော့ Android မှာပါတဲ့ Multi-task လုပ်နိုင်တဲ့ စွမ်းရည်ကိုကောင်းကောင်းအသုံးချလိုက်တော့ အဲဒီ့ လိုမျိုး ဟိုဝင်ဒီထွက်လုပ်စရာမလိုတော့ပဲ လက်ရှိ သုံးနေတဲ့ app ပေါ်ကနေပဲတန်းပြီ:တော့ reply message ပြန်လိုက်နိုင်တော့ user တွေကို ဘယ်လောက်တောင်အဆင်ပြေသွားစေတယ်ဆိုတာ လက်တွေ့ပါပဲ ။ အဲဒီလိုမျိုး Multi-tasking feature ကိုကောင်းကောင်း အသုံးချထားပြီ: အသုံးဝင်လှတဲ့ တစ်ခြား application တွေနဲ့ မိတ်ဆက်ပေးပါရစေ ။
1 . Hover Chat For SMS
————————————–
————————————–
ဖုန်းရဲ့ SMS message စနစ်ကိုရော Viber, Facebook messenger တို့လို့ pop up notification တက်တဲ့ ပုံစံမျိုး သုံးချင်ရင် ဒီ Hover Chat applicaiton ကိုသုံးပါလို့ ညွှန်းပါရစေ ။ ကျွန်နော့်အတွက်တော့ လက်ရှိ SMS applicaiton တွေထဲမှာ အလှဆုံးနဲ့ သုံးရတာအဆင်ပြေဆုံး ပါပဲ ။ သူက SMS message တစ်စောင်ဝင်လာရင် facebook messenger တို့လိုမျိုးပဲ pop up box အဝိုင်းလေးနဲ့တတ်ပါတယ် ။ အဲဒီ့ ပေါ်လာတဲ့ popup box လေးထဲကနေပဲ SMS message ကို reply ပြန်လိုက်လို့ရပါတယ် ။ လက်ရှိ သုံးနေတဲ့ applicaton ထဲကနေ လုံးဝထွက်သွားစရာမလိုပါဘူး ။ Facebook message တို့လိုမျိုး screen မှာ Multi-task run နိုင်တဲ့ စွမ်းရည်ကို အပြည့်အဝအသုံးချထားပါတယ် ။ နောက်တစ်ချက်က သူ့မှာ ရနိုင်တဲ့ themes တွေပါ ။ default theme အနေနဲ့ ၂ မျိုးပဲပါပေမဲ့ ရိုးရိုးရှင်းရှင်းနဲ့လှပါတယ် ။ store ကနေ ပိုပြီ:လှပတဲ့ theme တွေ ဒေါင်းပြီ: သုံးလို့ရပါသေးတယ် ။ Android 4.4 kitkat version မှာ သုံးရတာပိုမိုက်ပါတယ် ။ဘာလို့လဲဆိုတော့ 4.4 Kitkat version မှာက SMS message app အတွက် ဖုန်းမှာနဂိုကထဲကပါတဲ့SMS app ပဲကိုပဲဖြစ်ဖြစ် third party SMS app ကိုပဲဖြစ်ဖြစ်.. ဘယ်ဟာကို default သုံးမယ်ဆိုပြီ: သတ်မှတ်လို့ရတော့…. ဒီ Hover Chat app ကို default SMS app အဖြစ်သတ်မှတ်ထားရင် sms message ဝင်တဲ့ အခါ ဒီ hover chat notification တစ်ခုထဲကို လက်ခံရတော့မှာ ဖြစ်ပါတယ် ။ Android version 4.4 kitkat မရသေးတဲ့ ဖုန်းတွေမှာတော့ sms message ဝင်လာရင် ဖုန်းမှာပါတဲ့ default sms app ရဲ့ notification ရယ်…. ဒီ hover chat ရဲ့ notification ရယ် တစ်ပြိုင်ထဲ ၂ ခု ရနေမှာဖြစ်ပါတယ် ။ တစ်ခုတော့ရှိတယ်… Go SMS ကိုသုံးနေတဲ့ တွေကတော့ ဒီ hover-chat app ကိုသုံးလို့မရပါဘူးတဲ့ ။ ဒီ Hover Chat app ကိုသုံးချင်ရင် ဖုန်းထဲမှာ Go SMS သုံးထားရင် Go SMS ကိုအရင်ဆုံး uninstall လုပ်ရပါမယ်တဲ့။ ဒီလိုမျိုး ခက်လန်းလန်း sms app ကိုလိုချင်ရင် Google Play မှာ freee သွားပြီ: ယူလို့ရပါတယ် ။
Google Play Store Link —>>>> https://play.google.com/store/apps/details?id=com.ninja.sms.promo
(or)
Dropbox link —->>>>> https://www.dropbox.com/s/qrz7z2cg53vwpb2/com.ninja.sms.promo.apk
Google Play Store Link —>>>> https://play.google.com/store/apps/details?id=com.ninja.sms.promo
(or)
Dropbox link —->>>>> https://www.dropbox.com/s/qrz7z2cg53vwpb2/com.ninja.sms.promo.apk
2. Link Bubble for Browser
————————————-
ကျွန်နော်တို့တွေ ဖုန်းမှာ application တစ်ခုထဲကနေ website link လေးတစ်ခုကို သွားဖွင့်တဲ့ အခါ လက်ရှိသုံးနေတဲ့ applicaton က ပိတ်သွားပြီ:တော့ browser application ကြီးပွင့်လာပြီ: websiteကိုကြည့်ရပါတယ် ။အဲ့ website ထဲမှာ ဟိုlink လျှောက်နိပ် ဒီlink လျှောက်နိပ် ကနေ မူရင်း application ကိုပြန်သွားချင်တဲ့ အခါ back button ကို မနားတမ်းနိပ်ပြီ: ပြန်သွားရင်သွား ဒါမှမဟုတ် recent list ကိုခေါ်ပြီ: recent listထဲကနေပြန်သွား စသဖြင့် မူရင်း application စီပြန်ရောက်အောင်အဆင့်ဆင့် သွားနေရပါတယ် ။ အဲဒီ့လို အလုပ်မရှုပ်ရအောင်လို့ ဒီ Link Bubble ဆိုတဲ့ screen မှာ pop up sytle လေး အလုပ်လုပ်တဲ့ browser ကိုသုံးကြည့်ပါလို့ တိုက်တွန်:ပါရစေ ။ သူကဘယ်လို အလုပ်လုပ်သလဲဆိုတော့ ကျွန်နော် ခုနကပြောသလို application တစ်ခုထဲကနေ website link တစ်ခုကို နိပ်လိုက်ရင် ကြည့်ချင်တဲ့ website က pop up ပုံစံမျိုးနဲ့ မူရင်း applicaiton ပေါ်မှာ ပေါ်လာတယ်ဗျ ။ facebook messenger က chat head လိုပုံစံမျိုးပေါ့ဗျာ ။ အဲ့ဒီ့တော့ ကြည့်ချင်တဲ့ website ကိုလဲ အလွယ်တကူကြည့်လို့ရသလို မူရင်း app ကို အလွယ်တစ်ကူ ပြန်သွားလို့ ရတယ်ဗျာ ။ facebook chat-head လိုပဲ ပေါ်နေတဲ့ browser popup ကို ခဏhide လုပ်ထားပြီ:တော့ screen ထောင့်ထဲလဲ ရွှေ့ ထားလို့ရသဗျား ။ ဘယ်လောက် လန်းပြီ: အသုံးဝင်တဲ့ browser application လေးလဲဗျာ ။ ဒီကောင်က Google Play store မှာ free version ရော pro version ပါရှိပါတယ် ။ free version ကတော့ အသုံးဝင်မှုနဲပါတယ်…. တစ်ကြိမ်မှာ link တစ်ခုထဲပဲ pop up ပုံစံ မျိုးနဲ့ ကြည့်လို့ရတယ်ဗျာ ။ website link တွေအများကြီးကို တစ်ပြိုင်ထဲ ဖွင့်ချင်တယ်ဆိုရင် မရတော့ဘူးဗျ ။ Pro version ဆိုရင်တော့ ဒီလို ကန့်သက်ချက်တွေ မရှိတော့ပါဘူး ။ website link အရေအတွက် တစ်ပြိုင်ထဲ ကြိုက်သလောက်ဖွင့်နိုင်ပါတယ် ။အဲ့ဒီ့တော့ ဖြစ်နိုင်ရင် Pro version ကိုဝယ်သုံးပါလို့ တိုက်တွန်းပါရစေ ။ တစ်ကယ်အသုံးဝင်တဲ့ application မျိုးမို့လို့ပါ ။ တစ်ကယ်လို့ ဝယ်သုံးဖို့ အခက်အခဲရှိတယ်ရှိတယ်.. free version ကိုပဲစမ်းသုံးကြည့် ချင်တယ်ဆိုရင်တော့ ဒီ အောက်က Google play store link မှာ ဒေါင်းပြီ: သုံးကြည့်လိုက်ပါ ခင်ဗျာ့။
Google Play Store Link —>>>> https://play.google.com/store/apps/details?id=com.linkbubble.playstore
(Or)
Dropbox link —->>>>> https://www.dropbox.com/s/9glvualrp0np5bm/com.linkbubble.playstore.apk
link bubble pro version ကို crack လုပ်ပြီ:သုံးကြည့်ချင်တယ်ဆိုရင်တော့ ခုဆက်ပြောပြမဲ့ နည်းလမ်းနဲ့စမ်းကြည့် ကြည့်ပါခင်ဗျာ့ ။ ကျွန်နော်ကတော့ မစမ်းဖူးပါဘူး ။ senior တစ်ယောက်ကဒီ နည်းလမ်းနဲ့ crack လို့ရတယ်ဆိုလို့ပါ ။ အရင်ဆုံး free version ကို Google play ကယူပြီ: install လုပ်လိုက်ပါ ။ ပြီ:ရင် pro version ကို တစ်ခြား website တွေကနေရှာယူပြီ: installလုပ်လိုက်ပါ ။ ပြီ:ရင် lucky patcher သုံးပီး pro ကို license remove လုပ်လိုက်ပါ ။ ပြီ:သွား၇င် pro version ကိုဖွင့်ပြီ: သုံးလို့၇ပြီ လို့ဆိုပါတယ် ။ ဒီ နည်းလမ်းကို အဆင်ပြေကြပါစေဗျာ ။
(3) Magic Dictionary
——————————
——————————
ဒီ Magic Dictionary လေးတော့ ကျွန်နော်တို့လို English စာ ဝေါဟာရမကြွယ်ဝပဲနဲ့ technology site တွေ သတင်းတွေ ဖတ်ချင်တဲ့ သူတွေအတွက်တော်တော် အသုံးဝင်တဲ့ English-Myanmar dictionary လေးပါ ။ တစ်ခြား English-Myanmar dictionary တွေနဲ့ မတူတဲ့အချက်က Android ရဲ့ multi task run နိုင်တဲ့ စွမ်းရည်ကိုသုံးထားတဲ့ အတွက် တစ်ခြား application ဖွင့်နေရင်းနဲ့ တစ်ပြိုင်ထဲ ဒီ Magic Dictionary application ကိုဖွင့်ထားပြီ:သုံးလို့ရတာပါပဲ ။ အဲဒီ့လို Multi-task သုံးလို့ရအောင် လုပ်ထားတဲ့ အတွက် User တွေအတွက်လဲ ပိုပြီ အသုံးဝင်စေပါတယ်။ Website တစ်ခုခု ကြည့်နေရင်းနဲ့ ဖြစ်ဖြစ် Ebook ဖတ်နေရင်:နဲ့ ဖြစ်ဖြစ် မသိတဲ့ English စကားလုံး ရဲ့ အနက်ဖွင့်ဆိုချက်ကို ချက်ချင်းရှာလို့ရတဲ့ အတွက် တော်တော်အသုံးဝင်ပါတယ် ။ တစ်ခြား dictionary application တစ်ခုကို သုံးမယ်ဆိုရင် စကားလုံး တစ်ခုခု မသိလို့ ရှာမယ်လုပ်တိုင်း မူလဖွင့်ထားတဲ့ application ကိုပိတ် dictionary application ကိုဖွင့် စကားလုံးရဲ့ ဖွင့်ဆိုချက်ကိုရှာ ပြီ:ရင် ဖွင်ခဲ့တဲ့ မူရင်းapplication ကိုပြန်သွား.. စသဖြင့် စသဖြင့် အလုပ်ရှုပ်ပါတယ် ။ တစ်ခါရှာရင်တောင် အလုပ်ရှုပ်တာ စကားလုံး ၁၀ လုံးလောက်မသိလို့ ရှာရရင် အဲ့ဒီ့လို app ကိုပိတ်လိုက် dictionary app ကိုဖွင့်လိုက် ပြီ:ရင် ပြန်သွားလိုက်နဲ့ဆိုရင် စာဆက် ဖတ်ချင်စိတ်တောင် ပျင်းသွားပါအုံးမယ် ။ အဲ့ဒီ့လို အလုပ်မရှုပ်အောင် Ebook ဖြစ်ဖြစ်သတင်းဖြစ်ဖြစ် မဖတ်ခင် ဒီ Magic dictionary app ကို ဖွင့်ထားလိုက်ပါ ။ သူက screen ထောင့်လေးမှာ circle icon ပုံစံမျိုးနဲ့ပဲ ပြနေမှာပါ။ စာဖတ်နေရင်းနဲ့ မသိတဲ့ စကားလုံး တစ်ခုကို ရှာချင်ရင် ဒီ screen ထောင့်က circle icon လေးကိုနိပ်ပြီ:ရှာလိုက်ရုံပါပဲ ။ ခုနက တစ်ခြား dictionary app တွေသုံးသလို ဟို ဟာဖွင့်လိုက် ဒီဘက် ပြန်သွားလိုက်နဲ့ ဖြစ်သလိုမျိုး အလုပ်တွေမရှုပ်တော့ပါဘူး ။ ဒီ Magic Dictionary Applicaton ကို မြန်မာ developer ကိုစည်သူဝင်း မှ တီထွင်ရေးသားထားပြီ: Google Play မှာ free ပေးထားပါတယ် ။ကျွန်နော်တို့လို မြန်မာမိုဘိုင်း user တွေအတွက် တော်တော် အသုံးဝင်တဲ့ dictionary application လေးမို့ စမ်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ ။
Google Play Store Link —>>>> https://play.google.com/store/apps/details?id=bm.mm.magicdictionary
(OR)
Dropbox link —->>>>> https://www.dropbox.com/s/ab1h7svlt4yc4ph/bm.mm.magicdictionary.apk
(4) Multitasking
———————–
———————–
ခု ဆက်ပြီ: ဖော်ပြမဲ့ application ကတော့ Samsung ဖုန်းတွေမှာပါတဲ့ Multi-Window လိုမျိုး featureကိုသုံးလို့ရတဲ့ application ပါပဲ ။ Samsung Phone တွေမှာလို application တွေကိုscreen တစ်ခုထဲမှာ တစ်ပြိုင်ထဲ run နေလို့ရတဲ့ ပုံစံမျိုးပါပဲ ။ ဒီ multitasking app ကိုသုံးတဲ့ ပုံစံက window OS ရဲ့ window လေးတွေအများကြီး ဖွင့်ပြီ:သုံးတဲ့ ပုံစံနဲ့တူပါတယ် ။ sceen ဘယ်ဘက်ကနေ စလိုက်ဒါဘားလေးကို စွဲထုတ်လိုက်ပြီ: အဲဒီ့စလိုက်ဒါဘားမှာပါတဲ့ app တွေကို နိပ်ပြီ: ဖွင့်လို့ရပါတယ် ။ screem တစ်ခုထဲမှာပဲ app သုံးခု လောက်ကိုတစ်ပြိုင်ထဲ run ထားလို့ရပါတယ် ။ ဒီ Multitasking app ကလဲ Google play store မှာ free version ရော pro version အနေနဲ့ပါရှိပါတယ် ။ free version မှာတော့ သူသက်မှတ်ထားတဲ့ application တွေကိုပဲ multi-window ပုံစံသုံးလို့ရပါတယ် ။ ဒါပေမဲ့ free version မှာပါတဲ့ application တွေတောင်တော်တော် အသုံးဝင်တယ်လို့ ဆိုရပါမယ် ။ Pro version မှာတော့ စလိုက်ဒါဘားထဲမှာ ကိုယ့်စိတ်ကြိုက်application တွေ ကိုသွာပြီ:သတ်မှတ်ထားလို့ရပါတယ် ။ ဘာပဲပြောပြော Samsung ရဲ့ Multi-Window feature ကို ကျန်တဲ့ Android device တွေမှာ လွယ်လွယ်ကူကူသုံးလို့ရအောင် လို့လုပ်ထားပေးတဲ့ ဒီ Multitasking app ကတော့ ရှယ်ပါပဲ။ Google Play store မှာ အောက်က link ကနေတစ်ဆင့် ဒေါင်:ပြီ: စမ်းကြည့်လို့ရပါတယ် ။
Google Play Store Link —>>>> https://play.google.com/store/apps/details?id=com.oryon.multitasking
(OR)
Dropbox link —->>>>> https://www.dropbox.com/s/0bnyrpm1kjo4ual/com.oryon.multitasking.apk
(OR)
Dropbox link —->>>>> https://www.dropbox.com/s/0bnyrpm1kjo4ual/com.oryon.multitasking.apk
(5) Rotation Lock Adaptive
—————————————-
—————————————-
Android Multi-Task feature ဟာ screen တစ်ခုထဲမှာ တစ်ပြိုင်ထဲ application ၂ခု run နေတာ လက်ခံသလို screeen ပေါ်မှာတော့ run မနေဘူး… နောက်ကွယ်ကနေပဲ အလုပ်လုပ်တဲ့ပုံစံမျိုးနဲ့လဲ ကိုအသုံးချနိုင်ပါတယ် ။ အပေါ်ကပြောသွားတဲ့ application တွေက screen တစ်ခုထဲမှာ application ၂ ခုကို တစ်ပြိုင်ထဲ သွား run တဲ့ ပုံစံမျိုးနဲ့ အသုံးပြုတာပါ ။ ခုတစ်ခါဖော်ပြမဲ့ application ကတော့ နောက်ကွယ်မှာ run နေမဲ့ service application လေးပါပဲ ။ ကျွန်နော်တို့ဖုန်းတွေမှာ ပါတဲ့ Auto rotation feature ကိုအမြဲတန်း on ပြီးသုံးနေကြလားဗျ ။ တစ်ခါတလေကျရင် ကိုယ်က screem ကို ဒေါင်လိုက်ပုံစံပဲ ပေါ်စေချင်ပေမဲ့ ဖုန်းက စောင်းသွားတာနဲ့ screen အလျားလိုက်ပုံစံပြောင်းပြောင်းသွားတဲ့ အခါ ဒီ Auto rotation feature က စိတ်ရှုပ်စရာပဲ ။ အဲ့.. အဲ့ဒီ့ auto rotation feature ကိုပိတ်ထား ပြန်တော့လဲ ဖုန်း screen ကို အလျားလိုက်ပုံစံသုံးချင်တဲ့အခါမှာ အဲ့ဒီ့ auto rotation feature ကိုပြန် on ပေးရနဲ့အလုပ်ရှုပ်ပြန်ရော ။ နောက်တစ်ချက်က Auto rotation feature ကိုအမြဲတမ်း on ထားပေးရင်လဲ battery တုတ်တယ်ဗျ ။ အဲဒီ့လိုမျိုး အလုပ်ရှုပ်တာတွေကို ဒီ Adaptive rotation app ကိုသုံးလိုက်ပါ ။ လုံးဝအဆင်ပြေပြီ: auto rotation feature ကို on လိုက် off လိုက် လုပ်နေရတဲ့အလုပ်ကိုသက်သာသွားစေပါတယ် ။ ဒီ applicationကို ဘယ်လိုအသုံးပြုရသလဲဆိုတော့ ပထမ ဖုန်းမှာ ပါတဲ့ Auto Rotation feature ကို off ထားလိုက်ပါ ။ ပြီ:ရင် ဒီ applicaiton ကိုဖွင့်ပြီ: ပေါ်လာတဲ့ setting pop up box ထဲမှာ Adaptive rotation ကိုပဲရွေးပြီ: ပြန်ထွက်လိုက်ပါ ။ application တစ်ခုခုကို ဖွင့်ပြီ: ဖုန်းကို ဒေါင်လိုက် သုံးနေရာကနေ အလျားလိုက် လုပ်လိုက်ပါ ။ ဖုန်းက အလျားလိုက်ဖြစ်သွားတာနဲ့ screen အလယ်မှာ icon လေးတစ်ခုပေါ်လာပါတယ် ။ ဖုန်းရဲ့ screen ကို အလျားလိုက်ပုံစံမျိုးသုံးချင်တယ် ဆိုရင် ဒီ icon လေးကို နိပ်လိုက်ရုံပါပဲ ။ icon နိပ်ပြီ:တဲ့အခါ ဖုန်းရဲ့ screen က အလျားလိုက်ဖြစ်သွားတာ တွေ့ရမှာပါ ။ တကယ်လို့ ဖုန်း ကို ဒေါင်လိုက်ပုံစံမျိုးပဲ ဆက်ပြီ:သုံးချင်တယ်ဆိုရင်ဘာမှ နိပ်စရာမလိုပါဘူး… icon လေးကသူ့ဘာသာသူပျောက်သွာပါလိပ်မယ် ။ ဘယ်လောက်မိုက်သလဲဗျာ။ အရင်ကလို Notification မှာရှိတဲ့ auto rotation feature ကို on လိုက် off လိုက် လုပ်စရာမလိုတော့ဘူးပေါ့။ တော်တော်လေးကို အသုံးဝင်တဲ့ service app လေးပါပဲ ။ ဒီ application ကိုလိုချင်ရင် Google play store မှာ free ဒေါင်းလို့ရပါတယ် ။ pro version လဲရှိပါတယ် ။ ကွာတာက free version မှာ notification panel မှာပေါ်တဲ့ notification message ကို ဖြောက်လို့မရပါဘူး ။ Pro version မှာက ဖြောက်လို့ရပါတယ် ။ အရင်ဆုံး free version လေးကို ကနေပြီ:ဒေါင်းပြီ: စမ်းကြည့် ကြပါလို့ တိုက်တွန်:ပါရစေ ။
Google Play Store Link –>>>> https://play.google.com/store/apps/details?id=ui.robot.rotate
Google Play Store Link –>>>> https://play.google.com/store/apps/details?id=ui.robot.rotate
အပေါ်မှာ ဖော်ပြထားတဲ့ application တွေက ကျွန်နော့် အတွက် အသုံးဝင်ဆုံး နဲ့ Android Multi tasking feature ကိုကောင်းကောင်းအသုံးချထားတဲ့ application တွေပါပဲ ။ တစ်ခြား အသုံးဝင်တဲ့ အဲ့ဒီ့လို Multitask feature application တွေလဲ ရှိနိုင်ပါသေးတယ် ။ တစ်ခုတော့ ရှိပါတယ် ။ Android ရဲ့ Multi task feature ကိုသုံးတဲ့ အခါ သုံးတဲ့ ဖုန်းက ram memory များရင်ပိုကောင်းပါတယ် ။ သူက ဖုန်းရဲ့ ram memory ထဲကို ဆွဲတင်ပြီ: သုံးထားတာဆိုတော့ ram memory များတဲ့ ဖုန်းက multi task feature ကိုပိုအသုံးချနိုင်လေပါပဲ ။ Ram 512 MB ပဲရှိတဲ့ ဖုန်းတွေက ဒီ application တွေကို မစမ်းကြဖို့ တိုက်တွန်:ပါရစေ ။ ဒီလိုမျိုးram memory ပေါ်နေရာများများ ယူရင် battery ကုန်စေသလားဆိုပြီ: သံသယ ရှိတက်ပါတယ် ။ လုံးဝမဆိုင်ပါဘူး လို့ပြောပါရစေ ။ Android OS system ဟာ window os run နေတဲ့ ပုံစံမျိုး နဲ့ မတူပါဘူး ။ Application တော်တော်များများကို Ram memory ပေါ် ခေါ်တင်ထားတယ်ဆိုတာ နောက်တစ်ခါ အဲ့ဒီ့ app ဖွင့်တဲ့အခါ ကို အစအဆုံး loading မလုပ်စေချင်တဲ့ အတွက် Ram memory ပေါ်မှာ တင်ထားတာဖြစ်ပါတယ် ။ တကယ်လို့ application တွေသာ ram memory ပေါ်မှာ မရှိဘူး.. ram memory ပေါ်မှာ ရှင်းလင်းနေမယ်ဆိုရင် …. application တစ်ခုစဖွင့်တဲ့အခါ အစအဆုံး laoding စွဲတင်ရတဲ့အတွက် .. CPU ကိုလဲ load ပိုသုံးရသလို CPU ကများများအလုပ်လုပ်ရတဲ့အတွက် battery ကိုလဲပိုပြီ: ကုန်စေပါတယ် ။ အဲ့ဒါကြောင့် နောက်ပိုင်:ထွက်လာတဲ့ Android ဖုန်းတွေမှာ default task manager တွေပါမလာတော့တာသတိထားမိ ကြမှာပါ ။ Task manager မပါလို့ဆိုပြီ: third party taskiller တွေလဲ မသုံးသင့်ပါဘူး။ အထူးသဖြင့် Samsung phone တွေမှာပါ ။ Taskiller သုံးတဲ့ Samsung phone ဟာ ဟန်းကို ဟန်းပါတယ် ။ third party Task-killer တွေက system default application process တွေပါ kill ပလိုက်တော့ အဲဒီ့ process တွေက အစကနေပြန်ပြန် run ရတော့ cpu ကိုလဲ over load ပိုဖြစ်စေတဲ့အပြင် battery ကိုလဲပို ကုန်စေပါတယ် …. အဲ့ဒီ့တော့ taskiller app ကိုဖြစ်နိုင်ရင် မသုံးတာကောင်းပါတယ် ။ Application တစ်ခု ကနေထွက်တိုင်းသာ back button နိပ်ပြီ:ပြန်ပြန်ထွက်နေရင် OK ပါတယ် ။ နောက်ပိုင်:ဖုန်းတွေတော်တော်များများမှာ ram memory က 2 GB လောက်ပါလာပြီဆိုတော့ memory မလောက်တဲ့ ပြသနာလဲ မရှိတော့ပါဘူး ။ နောက်ပိုင်းကျမှ အဲ့ဒီ့ Ram memory ပေါ်မှာ ပြည့်နေတာဟာ ပြသနာမဟုတ်တဲ့ အကြောင်းရယ်… Task killer ကို မသုံးပဲနဲ့ battery optimization ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ အကြောင်း သက်သတ်ရေးတင်ပါအုံးမယ် ။
အားလုံး အဆင်ပြေကြပါစေဗျာ ….
Sai Thet
Sai Thet
(Copy From Myanmar Mobile App)
အဆင်ပြေပါစေ။
အောင်ခန့်ဇော်(ပုသိမ်)
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...