Sony ကနေထုတ်လုပ်လိုက်တဲ့ 2014 ခုနှစ်ရဲ့New Model Smartphone တစ်ခုဖြစ်တဲ့ XperiaT2 Ultra ကို TMW Enterprise Limited ကနေပြီး မြန်မာတစ်နိုင်ငံလုံးကိုဧပရယ်လတွင်ဖြန့်ချီပေးတော့မှာဖြစ်ကြောင်းသိရသည်။
မဖြန့်ချီခင်မှာ သူများထက်ဦးဦးဖျားဖျားလိုချင်သူတွေအတွက်လည်း Pre-orderပြုလုပ်နိုင်မဲ့အစီအစဉ်ပြုလုပ်ပေးထား ကြောင်းသိရသည်။

SONY XperiaT2 Ultra ဟာမျက်နှာပြင် (၆)လက်မရှိပြီး ၊ camera 13MP ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Android™ 4.3 (Jelly Bean) ၊1.4 GHz Qualcomm® Snapdragon quad-core processor ကိုသုံးထားလို့  အလျှင်မြန်ဆုံး performance ၊ ပိုမိုကောင်းမွန်တဲ့  battery သက်တမ်း ၊ အမျိုးမျိုးသော လုပ်ငန်းဆောင်တာများကို လွယ်လွယ်ကူကူ ပြီးမြောက်အောင် စွမ်းဆောင်ပေးနိုင်ပါလိမ့် မယ် ။720p HD TRILUMINOS™ Display ဖြစ်လို့  သာလွန်ကောင်းမွန်တဲ့  အလင်းရောင်နှင့်  HD မျက်နှာပြင် ကိုရရှိစေမှာ ဖြစ်ပါတယ် ။Sony BRAVIA® TVs ကဲ့ သို့  groundbreaking technology ကိုသုံးထားလို့  အံ့သြဖွယ် colors ရုပ်ကြွရှိခြင်း နှင့် အတူ အချိုးအစားကျလှတဲ့  razor-sharp ပုံရိပ်ကိုရရှိစေမှာပါ ။

Xperia T2 Ultra ဖုန်းဟာ ကမ္ဘာ့ အကောင်းဆုံး “the world’s most portable smartphone” စမတ်ဖုန်းစာရင်းမှာ တစ်ခုပါဝင်ပါတယ် ။ Xperia T2 Ultra မှာ Easy one-hand operation စနစ်လည်းပါဝင်လို့  ဖုန်းကို လက်တစ်ဖက်တည်း ကိုင်ဆောင်ပြီး အဆင်ပြေပြေ သုံးနိုင်ပါတယ် ။အလွယ်တကူ သုံးနိုင်အောင် easy-toggle keyboard ၊ dial pad နှင့်  easy-trigger notification tray တို့ ကိုထည့်သွင်းပေးထားပါတယ် ။ ကင်မရာ 13 MP ရှိတဲ့  Xperia T2 Ultra ဖုန်းဟာ Sony ၏ Digital Cameras တွေမှာပါဝင်တဲ့  နည်းပညာတွေကဲ့ သို့  ထူးခြား ကောင်းမွန်ပြီး ၊ Exmor RS™ mobile image sensor Feature နှင့်  ရုပ်ပုံတွေ ၊ ဗီဒီယိုတွေ အတွက် HDR စနစ်မှာ ပါဝင်ပါတယ် ။ Superior auto ၊ Manual ၊ Portrait retouch ၊ Social live ၊ Timeshift burst ၊ AR effect ၊ Picture effect ၊ Sweep Panorama စတဲ့  Camera Applications တွေပါဝင်တာကို တွေ့ ရမှာဖြစ်ပါတယ် ။ LTE/4G Technology ဖြစ်လို့  4G ကွန်ရက်ကို ရရှိမှာပါ ။

Xperia T2 Ultra ကို စိတ်ဝင်စားလို့  pre-order မှယူချင်တယ်ဆိုရင်တော့ အောက်ပါဆိုင်များသို့ဆက်သွယ်မှာ ယူနိုင်မှာဖြစ်ပါတယ်။ရန်ကုန်ကမှာယူလိုတဲ့သူများအနေနဲ့ယောမင်းကြီးလမ်း။01-245311 ၊ကမ္ဘာအေးဂမုန်းပွင့် Shopping Mall :09-73119900 ၊ ကမ္ဘာအေး Sony Show Showroom : 01-546001-7 , ဗိုလ်အောင်ကျော်01-398566,256620,246513,256879တို့ကိုဆက်သွယ်မှာယူနိုင်မှာဖြစ်ပါတယ်။

မန္တလေးမှာရှိတဲ့ဆိုနီသုံးစွဲသူတွေအတွက် ဆိုရင်တော့Tel:02-72580~4 , 09-91008417 ၊ နေပြည်တော် မှာဆိုရင် 067-420791 ၊တောင်ကြီးက customer တွေဆိုရင် 081-200571 စတဲ့  ဖုန်းနံပါတ်တွေကို ဆက်ပြီး Pre-Order မှာလို့ ရပါတယ် ။ Pre-Order ဈေးနှုန်းကတော့ 379,000 Ks (သုံးသိန်းခုနှစ်သောင်းကိုးထောင်ကျပ်) ဖြစ်ပါတယ်။

MG team




0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...