Smart App Protector Pro (Premium Feature)
Protector တွေထဲမှာ Feature အသစ်ကလေးတွေနဲ့ App အလန်းလေးတစ်ခုအကြောင်း ......
Preimium App ဖြစ်တဲ့အတွက်အသုံးပြုနိုင်တဲ့ Feature တွေကလဲအများကြီးပါဝင်လာပါတယ်။
Fake -
Lock ချချင်တဲ့ App လေးတွေရွေးလိုက်ပါ။ ရွေးပီးသွားရင် Fake ဆိုတဲ့အ၀ိုင်းလေး နှိပ်လိုက်ပါ အနီရောင်အ၀ိုင်းလေးဖြစ်သွားပါလိမ့်မယ်။
(ဒီ App တွေဖွင့်လိုက်တဲ့အခါ Force Close ပုံစံမျိုးနဲ့ပြပါတယ်။ Unfortunately, has stopped......... ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။)
App ကိုဖွင့်လို့မရနိုင်ပါ။ ကိုယ်ပြန်ဖွင့်ချင်တော့ အစကလုပ်ခဲ့တဲ့အတိုင်း Fake ဆိုတဲ့အ၀ိုင်းလေးကို တစ်ချက်ပြန်နှိပ်ပေးပါ။
Additional Locks -
ပုံလေးကိုကြည့်လိုက်ရင်ရှင်းသွားမှာပါ။ App တွေအပြင် (Phone အ၀င်အထွက် Call နဲ့ Wifi ,Blurtooth,
USB ,3G Data ,
Manage Appliction, New App Auto Lock) ၈ မျိုးတောင် Lock ချထားနိုင်ပါသေးတယ်။
ထူးခြားတာက New App Auto Lock လေးပါ။ အမှတ်ခြစ်ထားမယ်ဆိုရင် အသစ် Install လုပ်လိုက်တဲ့ App တိုင်းကို Auto Lock ချပေးပါတယ်။
Observer -
Password သုံးခါမှားရိုက်ရင် Font Camera ကနေ ဓါတ်ပုံရိုက်ပေးပါတယ်။ ရိုက်ထားတဲ့ဓါတ်ပုံတွေနဲ့ ဖွင့်ခဲ့တဲ့အချိန် မှားခဲ့တဲ့အရေအတွက်
မှတ်တမ်းအပြည့်အစုံကို Observer ထဲမှာသိမ်းဆည်းပေးပါတယ်။
Multiple Passwords -
Login Password ပေးထားယုံနဲ့စိတ်မချနိုင်သေးဘူးဆိုရင် Multiple Password နဲ့ နှစ်ဆင့်ခံထားလို့ရပါတယ်။ Password နှစ်ခါရိုက်ရတာတာ့မပာုတ်ဘူးနော်။
Multiple ထဲမှာရွေးထားတဲ့ App ဆိုရင် သူ့ကိုပေးထားတဲ့ Password နဲ့ပဲပွင့်ပါတယ်။ အပြင်ကပေးထားတဲ့ Password နဲ့မပွင့်ပါ။
Lock Convenience Feature - သုံးမျိုးပါဝင်ပါတယ်။
(၁)App Lock Time - Lock ချထားချင်တဲ့ အချိန်ကိုသတ်မှတ်ထားနိုင်ပါတယ်။
(၂)Wifi Based Unlock - Wifi သုံးနေတဲ့အချိန်မှာ Unlock ဖြစ်ချင်ရင်တော့ ကိုယ်သုံးနေတဲ့ Wifi Ap Name လေးေ၇ွးပေးထားနိုင်ပါတယ်။ေ၇ွးထားတဲ့ Wifi မှာ Connected ဖြစ်တာနဲ့ Unlock ဖြစ်နေမှာပါ။
(၃)Bluetooth Based Unlock -ေ၇ွးပေးထားတဲ့ Bluetooth Device Name လေးနဲ့ Connect ဖြစ်တိုင်း Lock ချထားတဲ့ App တွေ Unlock ဖြစ်နေမှာပါ။
Remote Control -
SMS ပို့ပြီးတော့ App တွေ Lock / Unlock ပြုလုပ်လို့ရပါတယ်။ SMS ပို့ရမယ့် Command ကိုတော့ Setting ထဲမှာ စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။
(xxxပြောင်းတာတွေကိုတော့ မှတ်တော့ထားပေါ့နော်.Remote လုပ်ခါနီးမှ Keyword တွေမေ့နေရင်တော့ Control လုပ်လို့မရဘူးနော်xxx)
File Size - 1.54 MB
အဆင်ပြေပါစေ။
အောင်ခန့်ဇော်(ပုသိမ်)
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...