ဘာသာပြန်ဖို့ အသုံးပြုပါ။
အရင်တုန်းကဆိုရင် မသိတဲ့ နိုင်ငံခြား ဘာသာစကားတစ်ခုကို သိချင်ရင် Dictionary ထဲမှာရှာရပါတယ်။ ဒါမှမဟုတ် ကွန်ပြူတာ မှာ ရိုက်ပြီး ရှာဖွေရပါတယ်။ အခုတော့ စမတ်ဖုန်း ရဲ့ ကင်မရာ ကို အသုံးပြုပြီး မသိတဲ့ ဘာသာစကားတစ်ခုကို အလွယ်တကူ သိရှိနိုင်ပါပြီ။
Word Lens ဆိုတဲ့ App ကို Android , iOS Device တွေမှာ အသုံးပြုနိုင်ပြီး မသိတဲ့ဘာသာစကားကို ကင်မရာ ကနေ ချိန်ရွယ်လိုက်တာနဲ့ ဖုန်းမှာ အလိုလို ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ Word Lens ကို အသုံးပြုဖို့ အင်တာနက် ကွန်နက်ရှင် မလိုအပ်ပါဘူး။ ဒါပေမယ့် Word Lens ကို အခမဲ့ မရရှိဘဲ ငါးဒေါ်လာ နဲ့ ၀ယ်ယူအသုံးပြုရမှာပါ။ မ၀ယ်ယူချင်ရင် အင်တာနက်မှာ Cracked Version ကို ရှာဖွေအသုံးပြုနိုင်ပါတယ်။
နောက်ထပ် ရွေးချယ်စရာ App တစ်ခုက Google Translate ဖြစ်ပါတယ်။ Google Translate မှာ Optical Character Recognition (OCR) စွမ်းရည်ပါရှိတဲ့အတွက် နားမလည်တဲ့ ဘာသာစကားကို Camera ကနေ Photo အဖြစ်ရိုက်ပြီး Google Translate ကနေဘာသာပြန်နိုင်ပါတယ်။

Scanner အဖြစ်အသုံးပြုပါ။
စာအုပ်တစ်ခု ၊ စာရွက်တစ်ခုက စာသားတွေကို Edit လုပ်နိုင်တဲ့ Document
အဖြစ်ပြောင်းလဲချင်ရင် ကွန်ပြူတာမှာ အဲဒီ စာသားတွေကို
ရိုက်စရာမလိုတော့ပါဘူး။ Scanner တွေလည်း မလိုအပ်တော့ပါဘူး။ စမတ်ဖုန်း
ကင်မရာ ကို Scanner အဖြစ် အသုံးချနိုင်ပါတယ်။ Google Drive, Evernote ,
Scan To PDF Free စတဲ့ Apps တွေက စာသားတွေကို Scan လုပ်ပေးနိုင်ပြီး PDF
ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။
ကုန်ပစ္စည်းတွေကို ဈေးသက်သာတဲ့နေရာမှာ ရွေးချယ်ဝယ်ယူပါ။
Store တစ်ခုမှာ ပစ္စည်းတစ်ခုကို ၀ယ်ယူဖို့ ကြည့်ရှုနေတဲ့အခါ အဲဒီ ပစ္စည်း ရဲ့ ဈေးနှုန်းကို Online Store တွေ ကဈေးနှုန်း နဲ့ နှိုင်းယှဉ်ဖို့ အတွက် Application တွေ ရှိပါတယ်။ ကုန်ပစ္စည်းရဲ့  Barcode ကို Application ကနေ Scan လုပ်ပြီး Online Store က ဈေးနှုန်း တွေ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ Amazon ရဲ့  Price Check က အဲဒီလို ပြုလုပ်ပေးနိုင်ပါတယ်။
RedLaser က လည်း နောက်ထပ်ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ RedLaser ကို Android ,iOS , Windows Phone တို့မှာ အသုံးပြုနိုင်ပါတယ်။

Business Cards တွေဟာ ကောင်းမွန်ပေမယ့် ခေတ်မမီတော့ပါဘူး။ အခုခေတ်မှာ
Business Card အစား Contact Information တွေကို စမတ်ဖုန်းမှာ ပဲ
မှတ်သားလို့ရပါပြီ။ Business Cards တွေက သတင်းအချက်အလက်တွေကို ဖုန်းမှာ
ရိုက်ထည့်စရာမလိုဘဲ ဖုန်း ကင်မရာ ကနေ ဓာတ်ပုံ ရိုက်လိုက်တာနဲ့ Phone
Contact ထဲကို Contact Information တွေ အလွယ်တကူ ထည့်သွင်းပေးမယ့် App
တွေရှိပါတယ်။ ဒီလိုအသုံးချဖို့အတွက် CamCard ကို အသုံးပြုနိုင်ပါတယ်။
CamCard ရဲ့ OCR က အနည်းငယ်အားနည်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် အနည်းငယ်
ပြုပြင်ပေးစရာပဲလိုအပ်တဲ့အတွက် သတင်းအချက်အလက်တွေကို ကိုယ်တိုင်
ရိုက်ထည့်တာထက်စာရင် အလုပ်ရှုပ်သက်သာစေမှာဖြစ်ပါတယ်။
Search Application တွေ မှာ စာနဲ့ ရိုက်ပြီးသိချင်တာရှာနိုင်သလို ပုံနဲ
့လည်းရှာနိုင်ပါတယ်။ဥပမာအားဖြင့် Product တစ်ခု အကြောင်းသိချင်တယ်ဆိုရင်
Product ကို Photo အနေနဲ့ ရိုက်ပြီးအဲဒီ Product ရဲ့  သတင်းအချက်အလက်တွေကို
ရှာနိုင်ပါတယ်။Google Goggles Application မှာ Visual Search ကို
သုံးနိုင်ပါတယ်။
ဒါ့အပြင် Google Goggles က Augmented Reality နည်းပညာ ပါရှိပါတယ်။ တည်နေရာ တစ်ခု ကို ကင်မရာ ကနေချိန်ရွယ်လိုက်တာနဲ့ ပတ်ဝန်းကျင်က တည်နေရာ တွေကို ဖော်ပြပေးနိုင်ပါတယ်။ Augmented Reality နည်းပညာက ဖုန်းကင်မရာက တွေ့မြင်ရတဲ့ အရာဝတ္ထု ၊ တည်နေရာ တွေကို သိရှိပြီး ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။ စားသောက်ဆိုင် လို နေရာမျိုးတွေရှာဖွေနိုင်ပါတယ်။
QR Code တွေကို Scan ပြုလုပ်ပါ။
QR Code ( Quick Response Code) တွေကို Application Store, Billboards, Advertisements, Products တွေ မှာ တွေ့ မြင်နိုင်ပါတယ်။ အဲဒီ QR Code တွေကို QR Code Scanner Apps တွေသုံးပြီးတော့ Scan လုပ်ပြီး သက်ဆိုင်ရာ ၀က်ဆိုက်တွေ မှာ Products တွေ ရဲ့  သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။အဲဒီအတွက် ၀က်ဆိုက်လိပ်စာရိုက်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။
Remote Control ရဲ့ ဘက်ထရီ အားကုန်နေပြီလား ဆိုတာ ဆန်းစစ်ပါ။
Remote Control တွေမှာ Infrared (IR) Light ပါရှိပြီး သာမာန် လူတွေရဲ့ မျက်စိနဲ့ မမြင်နိုင်ပါဘူး။ Remote Control တွေဟာ TV , Blu-ray Player စတာတွေကို အဆိုပါ IR ကို Signal အနေနဲ့ ပေးပို့ပြီး ခိုင်းစေကြတာဖြစ်ပါတယ်။ Remote Control က အလုပ်မလုပ်တော့ ရင် ဘက်ထရီ အားကုန် သွားတာလား ဒါမှမဟုတ် အခြား ပြဿနာ တစ်ခုကြောင့်လား ဆိုတာ မသိရှိပါဘူး။ အဲဒီ အခြေအနေမှာ စမတ်ဖုန်း ကင်မရာ ကို အသုံးချနိုင်ပါတယ်။
Remote Control ရဲ့ IR Light ကို ဖုန်း ကင်မရာ ရဲ့ Lens ကို ချိန်ရွယ်ပါ။ ဖုန်း က Camera App ကို ဖွင့်ပါ။ Remote မှာ ခလုတ် တစ်ချက်နှိပ်ပါ။ Camera App မှာ အလင်းရောင် မြင်ရရင် Remote ရဲ့ ဘက်ထရီ အားကုန်တာ မဟုတ်ဘဲ အခြား အကြောင်း တစ်ခုကြောင့်ဖြစ်ပါတယ်။ Camera App မှာ အလင်းရောင် မမြင်ရရင် တော့ Remote ရဲ့ ဘက်ထရီ အားကုန်တာဖြစ်ပါတယ်။
Security Camera အနေနဲ့ အသုံးပြုပါ။
Smart Phone ရဲ့  Camera ကို Security Camera အနေနဲ့ လည်းသုံးနိုင်ပါတယ်။ သင့်မှာ အသုံးမပြုတော့တဲ့ Phone တစ်လုံးရှိရင် အဲဒီ Phone ကို IP Webcam လို Application ကိုသုံးပြီး Security Camera အဖြစ်နဲ့ သုံးနိုင်ပါတယ်။ နှစ်သက်ရာ ကွန်ပြူတာ ကနေ ဖုန်းရဲ့ Video Feed တွေကို တိုက်ရိုက်ကြည့်နိုင်ပါတယ်။
နိဂုံး
Smart Phone တွေ ဟာ အိတ်ကပ်အရွယ်အစားသာရှိတဲ့ Computer တွေ ဖြစ်ပါတယ်။ အဲဒီအတွက် ထူးခြား ဆန်းသစ်တဲ့ Application တွေကိုအသုံးပြုပြီး Smart Phone တွေရဲ့ Camera တွေကနေ သာမာန် Phone တွေ၊ Digital Camera တွေထက်ပို ပြီးစွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေ ကို အသုံးချနိုင်ပါတယ်။

အဆင်ပြေပါစေ။
အောင်ခန့်ဇော်(ပုသိမ်)
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...