ဘောလုံးဝါသနာရှင်ဘော်ဒါများအတွက် Dream League Soccer ဆိုတဲ့ ဘောလုံး Game လေးတစ်ခုတင်ပေး လိုက်ပါတယ်ဗျာ။
ဒီ Game လေးရဲ့ပုံစံက မိမိကိုယ်ပိုင် စိတ်ကြိုက်အသင်းသစ်တစ်သင်းကို ဖန်တီးရမှာဖြစ် ပါတယ်။
League တွေရဲ့ထုံးစံအတိုင်း ရာသီပွဲစဉ်တွေ ဖလားပွဲစဉ်တွေကန်ရမှာပါ။
ကန်လို့နိုင်သွားရင် ပိုက်ဆံရမှာဖြစ်ပြီး မိမိစိတ်ကြိုက်ကစားသမားတွေကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အသင်းတစ်ခုလုံးကို မိမိ ကိုယ်တိုင် ထိန်ချုပ်ရမှာဖြစ်ပြီး ပွဲစဉ်တွေမှာလည်းကိုယ်တိုင် Control လုပ်ပြီး ၀င်ကန်ရမှာပါ။
Hack ထားပြီး သား Game လေးဖြစ်တဲ့အတွက် မိမိစိတ်ကြိုက်ကစားနိုင်ပါတယ်ဗျာ။
ရုပ်ထွက်ကတော့ အောက်မှာပြထားတဲ့ အတိုင်းပါဘဲ အတော်လေးကောင်းမွန်ပါတယ်ဗျာ။ ဒီGame လေးကို
ကျွန်တော်မြင်ပြီး သဘောကျလွန်းလို့ တင်ပေးလိုက်ပေမယ့် Download Link ကတော့ ပြည်ပမှာပညာရှင်တစ်ဦးတင်ထားတဲ့ Link ကိုသာပြန်ပေး ထားတာဖြစ်ပါတယ်ဗျာ။
အခုရက်ပိုင်း ကွန်နရှင်က Upload ပြန်တင်ပေးဖို့အဆင်မပြေ လို့ပါ။ Link သုံးမျိုး မှာမိမိစိတ်ကြိုက် Link ကိုရွေးချယ်ဒေါင်းယူနိုင်ပါတယ်ဗျာ။ Android OS 2.3 နှင့်အထက် ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Dream League Soccer Apk + Obb Download Here !
Credit to Pyae Phyo(http://www.pyaephyo.com/)
ဒီ Game လေးကို Ko Pyae Phyo ဆီမှာ တွေ့ခဲ့တာပါ။ အဲဒါနဲ့လိုင်းကလဲမကောင်းတော့ တွေ့တော့တွေ့တယ် ဖိုင်ဆိုဒ်ကလဲ ၁၀၀ ကျော်ဆိုတော့မဒေါင်းဖြစ်ဘူး။ သူငယ်ချင်းတစ်ယောက်က ဘောကန်နေတာတွေ့တာနဲ့ ဘာဂိမ်းလဲပေါ့ .. ကျနော်တွေ့တဲ့ဂိမ်းလေးကိုသူဒေါင်းထားပီး ဆော့နေတာလေ။
အေးကွာ မင်းတို့ရန်ကန်မှာ လိုင်းကောင်းတော့လုပ်ပေါ့ကွာလို့...
အဲဒါနဲ့ကျနော်လဲဘယ်ရမလဲ Zapya နဲ့မ ပြီးပြန်ဆော့တာပေါ့။
မိုက်တယ်ဗျား။ အဲဒါနဲ့ပဲပြန်တင်ဖြစ်သွားတာပါ။
ဘောလုံးဝါသနာရှင်များအကြိုက်တွေ့စေမယ့် Soccer Game လေးတစ်မျိုးပါ။
ကိုပြည့်ဖြိုးကိုလဲ ကျေးဇူးပါလို့....
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...