ယနေ့ ပုသိမ်မြို့တွင်းသို့ ဒေသစာရီ လှည့်လည် ပူဇော်ခဲ့ကြပါသည်။
ယင်းသို့လှည့်လည်ရာတွင် နိဂြောဓာဗျာဒိတ်ပေးဘုရားကြီးနှင့်အတူ ရဟန္တာအရှင်သူမြတ် တင်ဆောင်သော
မော်တော်ယာဉ်(၁၁၁)စီးနှင့် လှည်း(၂၀)စီး၊ ရှမ်းကုန်သည် လှည်း(၅၄)စီး၊
သားတော်ရာဟုလာ အမွေတောင်းခန်း၊ဖွားဖက်တော် ကာဠုဒါရီအမတ်ကြီး ပင့်လျှောက်ခန်း တို့အပါအ၀င်
လူအင်အား(၆၀၀)ခန့် ပါဝင်လှည့်လည်ခဲ့ကြပါသည်။
လှည့်လည်ရာလမ်းတစ်ခုဖြစ်သော မရမ်းချိုလမ်းမကြီး ကွန်ကရစ်ခင်း နေသဖြင့်
ဘူတာရုံလမ်းမကြီးမှလှည့်လည်ခဲ့ကြသည်။
အဝေးရောက်ပုသိမ်သူ ၊ ပုသိမ်သားများအားလုံး အလွမ်းပြေပါစေ။
အောင်ခန့်ဇော်(ပုသိမ်)
9.2.2014(SUN)
Facebook ပေါ်မှဓါတ်ပုံများအားစုစည်းတင်ပြခြင်းဖြစ်ပါသည်၊
တစ်ယောက်ချင်းစီ Credit ပေးပါတယ်ခင်ဗျား။
0 comments:
Post a Comment
အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...