Collection (1) 

Internet App များစုစည်းမှု



အရင်ဆုံးအင်တာနက် App လေးတွေကို Collection 1 အဖြစ် စုစည်းလိုက်ပါတယ်။ Appတွေစုထားတာကြာပီ။တချို့စုထားတဲ့ Version တွေဆို Update တွေထွက်လာလို့ Update တွေနဲ့ပြန်လဲထားပါတယ်။File Size တွေလဲသေးသေးလေးတွေပါ။
ကဲပြောနေတာကြာတယ်။စပါမယ်ဗျား။Android ဖုန်းတစ်လုံးနဲ့အင်တာနက်သုံးပြီဆိုပါတော့

1-Data+Wifi Password Download Link
အင်တာနက်ဖွင့်ဖွင့်ချင်း (Wifiလဲပါပါတယ်) Password စတောင်းပါပြီ။ ကိုယ့်အင်တာနက်သူများမသုံးစေချင်ရင်ပဲဖြစ်ဖြစ် ၊ ကိုယ်မသိပဲပွင့်နေတာပဲဖြစ်ဖြစ် တောင်းတဲ့ Password မှန်မှပွင့်ပါတယ်။တနည်းအားဖြင့်ဘေချွေတာလို့ရတာပေါ့ဗျာ။

2-Internet Watch Download Link
အင်တာနက်ပွင့်ပီဆိုတာနဲ့ Timer စတက်ပီပြီ။Noti Bar လေးမှာမြင်ရပါတယ်။ အင်တာနက်ဖွင့်ပီးတာ ဘယ်လောက်ရှိပြီဆိုတာပြပါတယ်။ကိုယ်အင်တာနက် သုံးပြီးတဲ့အခါ ဘယ်နေ့က ဘယ်နမိနစ်သုံးတယ်ကအစ ရက်စွဲအလိုက် App လေးထဲမှာ စာရင်းပြုစုထားပေးပါတယ်။ စုစုပေါင်းဘယ်လောက်ရှိပြီပေါ့၊ဒီဆော့ဝဲလေး Main Developer ကတော့ Daw Poe Poe Myint Swe ဖြစ်ပါတယ်။

3-Internet Speed Meter Download Link
Speed Meter ဆိုတဲ့အတိုင်း ကိုယ့်အင်တာနက် Speed ဘယ်လောက်ရှိတယ် ဆိုတာလေးကို Noti Bar အပေါ်မှာဂဏန်းတွေနဲ့ပြပါတယ်။

4-Facebook Lock Download Link
အင်တာနက်သုံးသူတိုင်းအကောင့်ကိုယ်စီရှိကြတဲ့ ဖုန်းဘေအများဆုံးကုန်ဖြစ်သော ထို Facebook ဆိုတဲ့ App လေးကို Lock ချပေးမှာပါ။ ကိုယ့် Personal ကိစအ၀၀ တွေကိုသူများမမြင်စေချင်တာတို့ ၊ သူများဝင်မကလိစေချင်တာတို့ ဆိုရင်တော့ Facebook ကြီးကို Password နဲ့ Lock ချထားလို့ရပါတယ်။

5-Facebook Desktop Download Link
Facebook App ကတော့ Mobile Version ပုံစံနဲ့မြင်ရပီး Facebook Destop ကတော့ ကွန်ပျူတာထဲမှာ မြင်ရတဲ့ပုံစံအတိုင်း ဖုန်းပေါ်မှာမြင်ရမှာပါ။တစ်ခါတစ်လေ Facebook App ထဲမှာ ရှာရခက်တဲ့ Setting တွေတို့ App ထဲမှာ ကိုယ်လိုချင်တာတွေ ဘယ်နေရာရောက်နေမှန်း ရှာရခက်တာတွေကို ဒီ Facebook Desktop မှာ PC ထဲကအတိုင်းအလွယ်တကူမြင်ရပါတယ်။

6-Viper Lock Download Link
Facebook ပြီးရင် Viper ကလဲနောက်ကလိုက်ပါမယ်။ ဘာလို့လဲဆိုတော့ လူအသုံးများတာကိုး။ Personal ကိစတွေ ၊ ချစ်ချစ်နဲ့ပြောထားတွေ ၊ သူများတွေဝင်ဖတ်လို့ မရတော့ဘူးပေါ့ဗျာ။

7- Viber Notifyer DownloadLink
Viper မှာ Message ဘယ်နှစ်စောင်ဝင်ထားသလဲဆိုတာကို Widgets ကနေပြပါတယ်။

8-Vibersilent Download Link
လူလည်ကျတဲ့ App လေးပါ။Viper မှာ Online ဆိုတာလေးကိုဖျောက်တဲ့ကောင်ပါ။ မသိရင်တော့ ကိုယ်က Offine ပေါ့။ကိုယ်အင်တာနက်သုံးနေတယ်ဆိုတာ Viper ကနေတခြားတစ်ယောက်ကလှမ်း Check လို့မရတော့ဘူးလေ။ တစ်ခုတော့ရှိတယ်။ကိုယ်ကိုလဲသူများမမြင်ရသလို၊ကိုယ်ကလဲသူများတွေကို Online လား Offine ဆိုတာ မမြင်ရတော့ပါဘူး။အဲဒါလေးတော့ရှိပါတယ်။

9-Viper Backup Text Download Link
အရေးကြီးတဲ့စာတွေတို့ ၊ ချစ်ချစ်နဲ့ပြောထားတဲ့စကားတွေတို့ Backup လုပ်ပီးသိမ်းထားလို့ရပါတယ်။

10-Anonymous mail Download Link
တကယ်ကိုနာမည်နဲ့လိုက်ပါပေတယ်။တိုင်စာတွေခေတ်စားနေတဲ့ခေတ်ကြီးထဲမှာ ဘယ်သူမှန်းမသိပဲနဲ့ ပို့ချင်တဲ့နေရာကိုပို့လို့ရပါတယ်။ဘယ်ကပို့တယ်ဆိုတာပေးစရာမလိုဘူး၊ပေါ်လဲမပေါ်ဘူး၊ပို့မဲ့ မေးလ်သာ နာမည်မှန်အောင်ရိုက်ထဲ့ပေးလိုက် Anonymous mail အနေနဲ့ရောက်သွားပါလိမ့်မယ်။

အဆင်ပြေပါစေ
အောင်ခန့်ဇော်(ပုသိမ်)

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...